ep(2)

787 101 2
                                    

နှလုံးသားတစ်စုံအတွက်နှလုံးသားတစ်စုံ။
.................................................................

ကင်မ်ဆောနူ၏ ဘဝသည်နီရှီမူရာ၏ လောင်းရိပ်အောက်စရောက်သည့်နေ့ကိုပြပါဆိုလျှင်နီရှီမူရာ နှင့် စတွေ့ခဲ့တဲ့နေ့လို့ဘဲပြောရမှာဘဲ။

ကံကြမ္မာက ဘဲဖန်လိုက်လေသလား။ထိုကံကြမ္မာအား ကိုယ်ကဘဲဖန်တီးလိုက်လေသလားမသိပေမယ့်.......အဲ့ဒီနေ့က သူနဲ့ နီခီနဲ့ စတွေ့ခဲ့သောနေ့.......

ယနေ့ လကွယ်ညဖြစ်သည်။ ကောင်းကင်တစ်ခွင်မဲမှောင်နေခဲ့သည်။ကင်မ်ဆောနူ၏အနာဂတ်နမိတ်ကိုပြနေသကဲ့သို့ဖြစ်နေသည်။ အဲ့နေ့က ဆောနူတို့ ဆိုင်မှာ လူများ၍ အိမ်ပြန်နောက်ကျသည်။ဆောနူသည် အထက်တန်း ဒုတိယနှစ်တက်ရတော့မည်ဖြစ်သည်။

ဆောနူက စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝန်ထမ်းလုပ်သည်
ကျောင်းတစ်ဖက်နှင့် မို့ အနည်းငယ် အခက်အခဲရှိပေမယ့် ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးတာမို့ အဆင်ပြေပါသည်။အခုတော့ကျောင်းပိတ်နေ၍ အေးဆေးစွာအလုပ်လုပ်ခွင့်ရသည်။

အိမ်ပြန်နောက်ကျသည်ကိုစိုးရိမ်နေသည့်အစ်ကို ဆောင်းဟွန်းကဖုန်းခေါ်သည်။

"ဟုတ် အစ်ကို''

" ဆောနူ မလာသေးဘူးလားး မိုးချုပ်နေပြီ ''

" ကျွန်တော် လာပါပြီ ဒီနေ့ ဆိုင်မှာလူများနေလို့ '.

" သြော် အေး ဂရုစိုက်လာနော် hyung လာခေါ်ပေးရမလား''

" ရပါတယ် hyung လည်း အလုပ်ကြောင့် ပင်ပန်းနေမှာကို ရတယ် ရတယ် ဟျောင်း''

တစ်နေကုန်အလုပ်တွေနှင့်ပင်ပန်းနေသည့်ဟျောင်းအား သူ့ကြောင့်ထပ်ပြီးအပင်ပန်းမခံစေလိုပါ။အသည်းအသန်ငြင်းခဲ့သည်။

အကယ်၍များ နီရှီမူရာ ဆိုသည့်ကောင်နှင့်တွေ့ရမည်မှန်းသာသိခဲ့ရင် ဆောနူ အားနာစိတ်ကိုခဝါချပြီးအစ်ကိုဆောင်းဟွန်းကိုလာခေါ်ခိုင်းခဲ့မိမှာ။

" အင်း ကောင်းကောင်းလာခဲ့ ဆောနူ''

" ဟုတ်ကဲ့ ''

ဆောနူ လည်း ဂေယာသို့ပြန်လာရသည်
ဆောနူက မိဘမဲ့ဖြစ်၍ မိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့ရသည် ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Onde histórias criam vida. Descubra agora