ep (24)

463 64 2
                                    

ရက်စက်ပါသည်ဆိုသော သားရိုင်းကြီးလည်း ငိုတတ်သေး၏။ ကင်မ်ဆောနူယုန်ဖြူလေးကြောင့်။

.................နီရှီမူရာနှလုံးသားဥပဒေ................
ဆောနူ သည် ပြတင်းပေါက်ဘောင်ကိုမှီရင်း အိမ်ခေါင်မိုးထိ ရောက်လုနီးနီးဖြစ်သည့်
ချယ်ရီပင်လေးကို ငေးကြည့်နေမိ၏ ။

ချယ်ရီပန်းပွင့်လေးတွေ တဖြုတ်ဖြုတ်ကြွေကျနေ၏ ။ လှပစွာ ကြွေနေသည့် ပွင့်ဖတ်လေးနေနောက် ဆောနူ၏ အတွေးအိမ်တွေလည်း လွင့်မျှောလိုက်ပါနေ၏ ။

သူအခု မာသာ့၏အမျိုးတစ်​​ယောက်အိမ်တွင်ဖြစ်၏ ။ အစ်ကိုဆောင်းဟွန်း သည် ဒီရွာလေးကို ရောက်ဖူးပြီး မာသာ့၏ အဒေါ်သဘောကောင်းသည်ကိုလည်းသိ၍ ဒီအိမ်ကို သွားခိုင်းခဲ့တာဖြစ်မည်။

အစ်ကိုဆောင်းဟွန်း ပြောသလို မာသာ့အဒေါ်သည် အတော်လေးသဘောကောင်းဖော်ရွေ၍ ဆောနူ နေရတာမကျပ်တော့ဘဲ သက်တောင့်သက်တာရှိလှ၏ ။

ကျေးလက်တောရွာ၏ ရှုခင်းအလှ၊ အငွေ့အသက်၊ အေးငြိမ်းသာယာမှုတွေကြောင့် ဆောနူ၏ စိတ်ရှုပ်ထွေးမှုတွေသည် အတန်ငယ်တော့ သက်သာသွား၏ ။

အတန်ငယ်။ အနည်းငယ် ဘဲတဲ့လေ။

" ဟူး '

တဖြူးဖြူးတိုက်ခတ်နေသည့်လေထုကြား သူ၏ သက်ပြင်းချသံကပါ လွင့်ပါသွား၏ ။
ဘာလို့ အနည်းငယ်ဘဲသက်သာရတာလဲ။ 

ခံရခက်နေသည့် ဝေသနာတစ်ခုက ပြင်းပြင်းထန်ထန်။ ဘာဝေသနာလည်းဆို အလွမ်းဝေသနာ။

ဟူး။ ဘာကိုလွမ်းနေမိတာပါလိမ့်။ မာသာ ၊ အစ်ကိုဆောင်းဟွန်း ၊ ကလေးတွေကို လွမ်းတာကထားပါတော့။ ဘာလို့ နီရှီမူရာဆိုတဲ့ စောက်ရူးကောင်ကြီးက ပါပါလာခဲ့ရတာလဲ။

စိတ်ပျက်လိုက်တာ။ နီရှီမူရာ့အကြောင်းမတွေးဖို့ကြိုးစားနေစဥ်မှာဘဲ နီရှီမူရာ့အကြောင်းက ပါလာခဲ့ပြန်ပြီ။

တွေးလက်စနဲ့........  သတိရလိုက်တာ။ နီရှီမူရာ့ရဲ့ အကြည့်တွေမရှိတော့ နေရတာတစ်မျိုးကြီး။ စောက်ရမ်းချစ်တယ်ဆိုတဲ့ စကားလေးတွေကိုလည်း လွမ်းလာမိသယောင်​ယောင်။ နီရှီမူရာ့ရဲ့ အပြုံးလှလှလေးကို မြင်ချင်မိသည့် စိတ်ကလည်း ကြီးစိုးလာသလို။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now