ep (29)

456 60 10
                                    

နီီရှီမူရာနှလုံးသားဥပဒေမှာ ကင်မ်ဆောနူ လေးပျော်ရန်သာအဓိကဆိုသောစည်းမျဥ်း​ေ

............နီရှီမူရာနှလုံးသားဥပဒေ ................

လွမ်းတယ်နီရှီမူရာ။ မင်းငါ့ကို ပြစ်သွားတာ တစ်ပတ်တောင်ရှိပြီနော်။ ဂျပန်ကနေ ပြန်လာဖို့ စိတ်ကူးကောရှိသေးရဲ့လား။ ဟူး။

" ဆောနူ မင်းစားဖို့ပေါင်မုန့် နဲ့ နွားနို့ စားလိုက်နော် ''

ဆောနူ၏ စားပွဲပေါ်ပဲပေါင်မုန့်နှင့် နွားနို့ဘူးကိုတင်ပေးလာသည့် လက်တွေကြောင့်ဆောနူ မော့ကြည့်လိုက်တော့ အတန်းခေါင်းဆောင်ပင်။

အတန်းခေါင်းဆောင်သည် အခုတလော ဘာတွေစိတ်ကူးပေါက်သည်မသိ။ ဆောနူကို အတင်းရောနေ၏ ။ ဆောနူ ကလည်း အားနာ၍သာ အလိုက်အထိုက်ဆက်ဆံနေရတာ နီရှီမူရာစောက်ရူးကောင်ကိုတော​့ ခပ်လန့်လန့်။

" ယူလိုက်နော် ဆောနူ ''

" အာ အင်းအင်း ''

အတင်းထိုးပေးနေ၍ အားနာတတ်သည့်
ဆောနူကဘဲ ယူလိုက်ရ၏ ။
" ကျေးဇူးဘဲ ''

ဟိုနီရှီမူရာ ရှိရင်တော့ သေချာပေါက် ပွဲဖြစ်ပြီထင်၏ ။ ဟူး။ ပြောရင်းနဲ့ နီရှီမူရာစောက်ရူးကို လွမ်းလှပြန်၏ ။ ဒါကြောင့် အစ်ကိုဆောင်းဟွန်း သူ့ကို မျက်စောင်းခဲတာ။

" ဟင်း ''

ကင်မ်ဆောနူ ထိ နီရှီမူရာနဲ့ ငြိဆိုတဲ့ စောက်ရူးကောင် ရေ......ဘယ်ကမ္ဘာဆီများပြေးနေသနည်း။

" ကင်ဆောနူ အတော်ပျော်နေပုံဘဲနော် ''

မင်းနဲ့အနီးဆုံးမှာ ရှိနေတာ။ နီခီဆိုတဲ့စောက်ရူးကောင်ငါက ကင်မ်ဆောနူ နဲ့ အနီးဆုံးမှာ ရှိနေတာ။

" ကင်မ်ဆောနူ! "

ဟိန်းခနဲ ထွက်လာသည့် တံခါးဝမှ အသံကြောင့် ဆောနူ အပါအဝင် တစ်တန်းလုံး၏အကြည့်တွေသည် တံခါးဝထံ ရောက်ရှိသွားလေ၏ ။

" နီရှီမူရာ ''

" ဟင့် ''

နီရှီမူရာ သည်မဲ့ပြုံးပြုံးရင်း ဆောနူဆီသို့ ခပ်သွက်သွက်လာနေကာ အတန်းခေါင်းဆောင်အားတိုက်ချပြစ်လိုက်၍ အတန်းခေါင်းဆောင်သည် ယိုင်သွားသည်

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now