ep (23)

440 63 8
                                    

ကင်မ်ဆောနူ ရှိရင်လည်း ချစ်ရလွန်းလို့ နီရှီမူရာ ရူး၏ ။ ကင်မ်ဆောနူ မရှိရင်လည်း လွမ်းရလွန်းလို့ နီရှီမူရာ ရူး၏ ။

.................နီရှီမူရာနှလုံးသားဥပဒေ................
" ကင်မ်ဆောနူ ကင်မ်ဆောနူ ''

ဆေးရုံအနှံ့ပြေးလွှားရင်း ကင်မ်ဆောနူ ဆိုသည့် အမည်နာမလေးကို နီခီအကြိမ်ကြိမ်ခေါ်နေပေမယ့် ကင်မ်ဆောနူ က တုန့်ပြန်ချက်မလာ။ ကင်မ်ဆောနူ နှင့်တူသည့် အရိပ်ယောင်လေးတစ်ခုတောင် မတွေ့။

ဘယ်သွားရှာရမည်ကိုလည်း သူမသိ။ ကင်မ်ဆောနူ က ဘယ်ကိုများသွားတတ်လဲ သူသိမှမသိဘဲ။ သူသိတာဆို ကင်မ်ဆောနူကို ချစ်တာတစ်ခုတည်းဘဲသိခဲ့တာလေ။

ပတ်ဆောင်းဟွန်း ဆိုတဲ့ကောင်ကလည်း သိရက်သားနဲ့ မပြောပြတာလား။ တကယ်မသိတာတော့မသိ။

ကင်မ်ဆောနူ က နီခီ့ဘေးမရှိတာကိုတော​့ နီခီသိ၏။ ဖုန်းခေါ်တော့လည်း စက်ပိတ်ထားပါသည်တဲ့။ စက်ပိတ်ထားတယ်လို့ပြောတဲ့ ကောင်ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ။

" ကင်မ်ဆောနူ ''

နေရာတိုင်းမှာ ကင်မ်ဆောနူမရှိ။ ဆေးရုံအနှံ့ ၊ ဟန်မြစ်တစ်ဝိုက် ၊ ဂေဟာတစ်ဝင်းလုံး ရှာနေခဲ့ပေမယ့် ကင်မ်ဆောနူမရှိ။

နီခီ၏ ကမ္ဘာကြီး ပြိုပျက်သွားသလို ။ ကင်မ်ဆောနူ တစ်​ယောက်တည်းကိုသာ ကြည့်ပြီး ရှင်သန်နေခဲ့တဲ့သူ အခု ကင်မ်ဆောနူမရှိတော့ သူ့အသက်ရှင်ခြင်းက ဘာစောက်ဓိပ္ပါယ်ရှိတော့မှာလဲ။

တကယ်ကြီး ထွက်သွားခဲ့တာလား။ နီခီ့ဘေးကနေ တကယ်ကြီးထွက်သွားခဲ့တာလား။ အဲ့ဒီလိုလုပ်လို့မရဘူးလေ ။ မင်းကငါ့အပိုင်ယုန်ဖြူလေး။ မင်းက ငါ့ဥပဒေရဲ့သားကောင်။

ဒါပေမယ့် တကယ်ကြီးထွက်သွားခဲ့ရင်ကော..... နီခီ့ဆီကို ဘယ်တော့မှ ပြန်မလာတော့ရင်ကော......

တီ။ တီ

လမ်းမလယ်ခေါင်မှာသူရပ်နေမိတာ။ ကားဟွန်းတီးသံတွေကြားပေမယ့် သူ မရှောင်ခဲ့ဘူး။ ကင်မ်ဆောနူ က သူ့အသက်။ ကင်မ်ဆောနူမရှိတော့ သူ့မှာ အသက်ဆိုတာလည်း မရှိတော့ဘူးလေ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now