ep (13)

469 69 5
                                    

သနားစိတ်တဲ့။ နီရှီမူရာ က ကင်မ်ဆောနူ ကြောင့် သနားစိတ်လေးဝင်သတဲ့
......................................................................

" သူက  ဘယ်သူလဲ ဆောနူ ''

မာသာသည် ဆန်ပြုတ်ပန်းကန်ထဲမှ ဆန်ပြုတ်တစ်ဇွန်းခပ်ယူကာ ဆန်ပြုတ်ပူကို အေးစေလိုငြား အသာမှုတ်ပြီးနောက် ဆောနူ ၏ ပါးစပ်ရှေ့တေ့ပေးရင်းမေးလာ၏ ။

" အာ ဟို ''

ဆောနူ သည် အဖြေမဖြေတတ်သေး။ မာသာခွံ့သည့် ဆန်ပြုတ်ကိုစားကာ ဝါးစရာမလိုပေမယ့် အကြာကြီးဝါးနေမိ၏ ။ မာသာသည် ဆောနူ ကို လေးလံစွာကြည့်နေ၏ ။

" ဆောနူ ''

" ဟုတ်ကဲ့ မာသာ ''

" ဘယ်သူလဲဟင် ဘယ်သူမို့လို့ ဆောနူ ကိုပွေ့လိုပွေ့ နမ်းလိုနမ်း မဟုတ်မှ ဆောနူ ရဲ့ချစ်သူလား ''

" မ မ မဟုတ်ပါဘူး မာသာ မဟုတ်ဘူး''

ဆောနူ အသည်းအသန်ငြင်းမိ၏ ။ နီရှီမူရာနှင့်သူသည် ချစ်သူမဟုတ်။ ချစ်သူဖြစ်လာစရာအကြောင်းလည်း လုံးဝမရှိ။ သူ နီရှီမူရာကို မုန်းသည်။ ချစ်သူမဟုတ်ဘူး မုန်းသူ။ နီရှီမူရာ့ အတွက် အချစ်ဆိုတာ ရှိလာမှာမဟုတ်ဘူး ။ ထာဝရအမုန်းတွေချည်းရှိနေမှာ ။

" သူနဲ့က ချစ်သူတွေမဟုတ်ဘူး မာသာယုံပေးပါ''

"မာသာက မာသာ့ကလေးလေးကို ယုံပါတယ်ကွယ် မယုံတာက ခုနကကောင်လေးကို သူ့ပုံစံက ရိုင်းစိုင်းတဲ့ပုံဘဲ ဆောနူကို ဒုက္ခ တွေ ဘာတွေပေးလား ''

ဒုက္ခ။ ပေးတာပေါ့မာသာ။ ဒုက္ခ တွေပေးနေတာမှ မနည်းမနောဘဲ။ တစ်နေ့တစ်မျိုးမရိုးတဲ့စိတ်ဆင်းရဲမှုဒုက္ခ၊ ပူပန်ရသည့်ဒုက္ခ၊ ကြောက်ရသည့်ဒုက္ခ။ နီရှီမူရာ့နားနေရတာ သိပ်ကိုပင်ပန်းလှသည်။

သို့ပေမယ့် ဆောနူ အမှန်အတိုင်းပြောရင် မာသာစိတ်ဆင်းရဲနေမှဖြင့်။

" မပေးဘူးမာသာ သူကကောင်းပါတယ်''

စိတ်ပျက်ဖို့။ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် မာသာမသိတာဘဲကောင်းတယ်။ မဟုတ်ရင် မာသာဘဲ အလကားသက်သက်စိတ်ဆင်းရဲနေရမှာ။ ဆောနူ ကြောင့် မာသာစိတ်ပင်ပန်းရမှာကို မလိုလားပေ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now