ep (18)

434 58 8
                                    

ကင်မ်ဆောနူကို ထိရဲသူတိုင်း ငရဲပို့ရမှာ နီရှီမူရာ့တာဝန်။

.................နီရှီမူရာနှလုံးသားဥပဒေ................

" ဟွန်း''

" မာသာ ဘာလို့လို့လဲဟင် ''

မာသာ့၏အခန်းထဲ မာသာ့၏ အဝတ်တွေကိုခေါက်ပေးနေသည့် ဆောင်းဟွန်း ၏ အနားကို မာသာကရောက်လာ၏ ။

" ဟွန်းလေး''

" ဟုတ်ကဲ့''

မာသာသည်ဆောင်းဟွန်းကို ရင်ခွင်ထဲထည့်လိုက်၍ ဆောင်းဟွန်း လည်း မာသာ့ရင်ခွင်ထဲအလိုက်သင့်လေးဝင်ကာ မာသာ့ခါးကို တင်းကျပ်စွာ ဖက်လိုက်သည်။

" ဟွန်းလေး ဟွန်းလေး အဆင်ပြေရဲ့လား''

" ဟုတ်ကဲ့''

ဟုတ်ကဲ့ဆိုတာလိမ်ညာခြင်းမို့ တောင်းပန်ပါတယ်မာသာ။

" လိမ်နေတာပါ မာသာ့ကလေးလေးလိမ်နေတာ''

" မာသာ''

" ဂျိတ်ခ်ကို ဟွန်းချစ်နေတုန်းဘဲမလား''

"...........''

" မလိမ်ပါနဲ့ ကလေးရယ် မာသာကသိတယ် ဟွန်းကိ​ု နားလည်းလည်ပေးနိုင်သလို သနားလည်းသနားတယ် ''

" ..........တောင်းပန်ပါတယ်မာသာ''

" ဟင်း တောင်းပန်စရာမလိုပါဘူး ဟွန်း ကသိပ်ကိုကြင်နာတတ်ပြီး အားငယ်လွယ်သူမှန်း မာသာသိတယ် ဂျိတ်ခ်ကို ဟွန်းမမုန်းရက်ဘူးမလား''

" ဟုတ်ကဲ့ ဒါပေမယ့်လည်း................. ကြောက်သွားပြီး ထပ်ချစ်ရမှာကို ကြောက်သွားပြီမာသာ''

" ဟွန်းရယ်''

မာသာသည် ဆောင်းဟွန်း၏ကျောပြင်လေးကို ပုတ်သပ်ပေး၏ ။

" ဟွန်း ဂျိတ်ခ်ကလေ ဟွန်းအနားကနေ မထွက်သွားချင်ခဲ့ဘူး သူဟွန်းနား​က ဘာလို့ထွက်သွားခဲ့ရတာလဲသိလား''

" ဘာလို့လဲ မာသာ''

" ဟွန်း ထိခိုက်မှာစိုးလို့ပေါ့ ''

" ဟင် ''

ဟွန်း နဲ့ ဂျိတ်ခ်၏ အချစ်ဇာတ်လမ်းကို သိသွားသည့် ဂျိတ်ခ်၏ဒယ်ဒီနဲ့ မာမီက ဝိုင်းတားကြ၏ ။ သို့သော် ခေါင်းမာသည့် ဂျိတ်ခ်
ကရှေ့ဆက်တိုးဖို့တွေးခဲ့သည်။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now