ep( 10)

547 64 2
                                    

နီရှီမူရာ၏ နှလုံးသားဥပဒေတွင် အကြင်နာတရား အလျင်းမရှိ။

.....................................................................

သာယာစွာ စတင်လာသောမနက်ခင်း။ နေရောင်ခြည်နုနုက ဆောနူ မျက်နှာပေါ် စူးကျလာ၍ မျက်လုံးတွေပွင့်လာခဲ့၏ ။ ဘေးက ခုံပေါ်ရှိ ဖုန်းကို ယူကာအချိန်ကြည့်တော့ ကိုးနာရီ ။

အကြာကြီးအိပ်ပျော်သွားမိတာဘဲ။ အစ်ကိုဆောင်းဟွန်းက ရေချိုးပြီးပြီ။

" နိုးပြီလား ညကလည်း တစ်နာရီလောက်မှပြန်လာတယ် ဟိုကောင်လေး လိုက်ပို့သွားတာ''

" နီရှီမူရာလား ''

" အင်း ဆောနူ ညက သူနဲ ့ ဘာလုပ်နေတာလဲ အဆင်ပြေရဲ့လား သူအနိုင်ကျင့်သေးလား''

အစ်ကိုဆောင်းဟွန်း ၏ မျက်လုံးတွေသည် ဆောနူ ကို စိတ်ပူနေဟန်ရ၏ ။ သနားပုံလည်းရ၏ ။

" ကျွန်တော် အဆင်ပြေ ပါတယ် အစ်ကို သူဘာမှမလုပ်ပါဘူး  ဘာမှမဖြစ်ပါဘူး အာ ဒီနေ့ကျောင်းပိတ်တာဘဲ ''

ဆောနူ စကားလမ်းကြောင်းကိုလွှဲလိုက်၏ ။ အစ်ကိုဆောင်းဟွန်း က ဆက်ပြီးစစ်လားဆေးလားလုပ်လာရင် ဆောနူ မှာ ဖြေစရာမရှိတော့။

" အင်း စျေးလည်ကြမလား''

" မလိုက်တော့ဘူး ပင်ပန်းနေလို့ ''

" ဟော် ဂရုစိုက်နော် ဆောနူ ''

" ဟုတ်ကဲ့ ''

အစ်ကိုဆောင်းဟွန်း ၏ စိုးရိမ်စွာပြောသံကြောင့် ဆောနူပြုံးမိသွား၏ သူ့ဘဝတွင် မိသားစုဟူ၍ မာသာ၊ ကလေးတွေနှင့် အစ်ကိုဆောင်းဟွန်း သာရှိ၏ ။

" အာ ဆောနူ ကြိုက်တဲ့ဟင်းတွေချည်း ချက်ထားတာမို့ စားလိုက်နော် ''

" တကယ်လား''

အစားအကြောင်းများပြောလိုက်ရုံနဲ့ ကင်မ်ဆောနူ မျက်လုံးလေးတွေအရောင်လဲ့သွားတာများ ချစ်စရာ။ ဆောင်းဟွန်း သဘောကျစွာ ရယ်လိုက်မိ၏။

" အခုဘဲစားမယ်'

အစားဆိုရင်ကို တက်ကြွသွားသည့် အစားပုတ်ကလေးကဝရုန်သုံးကားနှင့် အိပ်ယာမှ ထကာ ရေချိုးခန်း ထဲ ပြေးသွားသောကြောင့် ဆောင်းဟွန်းခေါင်းခါမိသည် ။ကိုယ့်မှာလည်း သံယောဇဥ်ဆိုလို့  မာသာ ကလေးတွေ ပြီးရင် သူလေးဘဲ ရှိတော့သည်မဟုတ်ပါလား။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now