ep(7)

580 82 15
                                    

ကိုယ့်အပိုင်ယုန်ဖြူလေးကို လုယူချင်သည့် မည်သူ့ကိုမဆို ငရဲပို့မည်။ အဲ့ဒါက စာအုပ်လေးတစ်အုပ်ဖြစ်နေရင်တောင်ပေါ့။

........................................................................

ဆောနူဂေယာကို မည်သို့မည်ပုံပြန်ရောက်လာသည်မသိပေ။ ခြံရှေ့တွင် အရုပ်ကြိုးပြတ်ထိုင်နေမိ၏ ။ ပါးထက်လည်း မျက်ရည်စတွေ မဆက်မပြတ်စီးကျနေ၏ ။

ဘာလို့ ဆောနူဘဲလဲ။ တစ်လောကလုံးမှာမှ ဘာလို့ ဆောနူလဲ။ မိဘမဲ့ဖြစ်ရတာတောင် ကံဆိုးလှပြီကို အခုလို အရူးကောင်တစ်ယောက်နဲ့ ဘာလို့ တွေ့ဆုံခွင့်ရခဲ့ရတာလဲ။
ဆောနူ ကြောင့်ဘဲလား။ ကံကြမ္မာကြောင့်လား။ သူ့ဆီ​ကလွတ်မြောက်ခွင့်ဆိုတာမရှိဘူးလား။

ဒီနေ့ကောင်းကင်မှာကြယ်တွေစုံနေတယ်။လမင်းကြီးကလည်းထိန်လေးနေတယ်။ညချမ်းလေးကသာယာလှပပြီးအေးချမ်းနေတယ်။ ကင်မ်ဆောနူတစ်​​ယောက်သာ။ ကင်မ်ဆောနူ တစ်ယောက်တည်းသာ နာကျင်နေရပြီး ပူလောင်နေရပြီး မပျော်နိုင်ဖြစ်နေရတာ။

နီရှီမူရာကြိုးဆွဲရာ ကနေရသည့်အရုပ်တစ်ရုပ်ဖြစ်နေရတာကိုပင်ပန်းနေပြီ။ နီရှီမူရာရဲ့ လောင်းရိပ်အောက်မှာရှင်သန်နေရတာကိုလည်း မွန်းကျပ်နေပြီ။ အသက်ရှုရတာတောင်မောဟိုက်နေပြီ။ သေဆုံးပြစ်ချင်ပြီ။

" ကိုကိုဆောနူ ''

အနောက်ကနေကလေးတစ်ယောက် အသံကြား၍ ဆောနူ မျက်ရည်တွေ ကပျာကယာ သုတ်လိုက်သည်

" ဟင် ဂျီဟွန်းလေး ''

ဂျီဟွန်းလေးဖြစ်သည်။ ဂျီဟွန်းလေးသည် ဆောနူ ၏ ဘေးတွင်လာထိုင်သည်။ ဂျီဟွန်းလေးသည် မွေးစကတည်းကဂေယာကိုစွှန့်ပြစ်ခံခဲ့ရ၍ ဆောနူတို့သနားပိုခဲ့ကြ၏ ။ငါးနှစ်သာ ရှိသေးသောအငြား သွက်လက်သည့်ကောင်လေးအား အားလူံး ဝိုင်းချစ်ကြသည် ။

" ကိုကိုငိုနေတာလား မငိုပါနဲ့နော် ''

" ကိုကိုမငိုပါဘူး ''

" လိမ်နေတာ ကိုကို့ပါးတွေ ရဲတွတ်နေတာဘဲ မငိုရဘူးနော် ''

အခုလည်း လူကြီးလေးလို မျက်လုံးဝိုင်းလေးနှင့်ပြောလာသောကလေးလေးကြောင့် အချစ်ပိုရပြန်ပြီ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now