ep (22)

415 67 4
                                    

နီရှီမူရာရူးသွပ်သွားခြင်း၏အစသည် ကင်မ်ဆောနူ ကို ချစ်မိခြင်းက ဖြစ်၏ ။

.................နီရှီမူရာနှလုံးသားဥပဒေ................
ဆောနူ အေးစက်နေသည်။ကျိန်းစပ်နေသည်။ တစ်ကိုယ်လုံး ထုံကျင်နေသည် ။ အသက်ရှုသံမျှင်မျှင်လေးကိုကြားနေရ၏ ။ သို့ပေမယ့် သူ့မျက်လုံးတွေကိုဖွင့်ကြည့်ဖို့ သူ့မှာ အင်အားမရှိ။

သေသွားပြီလား။ သေပြီဆိုပေမယ့် အသက်က ရှုနေတုန်းကို။ ဒါဆို သူအခု ဘာဖြစ်နေတာလဲ။ ဘယ်ရောက်နေတာလဲ။ မှောင်မိုက်ပြီး ကျဥ်းလွန်းသော ရပ်ဝန်းတစ်ခုမှာ သူတောင့်တောင့်ကြီး ရပ်နေမိတာဖြစ်၏ ။

ဒီနေရာကဘယ်နေရာလဲ။ ငရဲလား။ ငရဲဘဲ ဖြစ်လောက်ပါတယ်။ လူတွေကို သေကြေအောင် ထိခိုက်ဒဏ်ရာရအောင် သူလုပ်ခဲ့သည်လေ။ ဒါက ငရဲဘဲဖြစ်မှာပေါ့။

ဒါပေမယ့် ပူလောင်ခြင်းတွေမရှိ။ အလွန်ပင်အေးစက်နေ၏ ။ ဘာလို့ပါလိမ့်။ ဘာလို့ဒီနေရာက တအားအေးနေရတာလဲ။

" ကင်မ်ဆောနူ! "

ခုနကထိအေးစက်နေသည့်နေရာသည် မီးပွားတွေ လွင့်စင်လာ၏ ။ အကြောင်းကတော့ နီရှီမူရာစောက်ရူးကောင်က သူ၏ အနားရောက်လာ၍ ဖြစ်သည်။

" သွားမယ် ''

နီရှီမူရာ သည် သူ၏ လက်ကိုဆုတ်ကိုင်ကာ အမှောင်တန်းကြီးအတိုင်း ဆွဲခေါ်သွား၏ ။

" လွှတ်ပေး'

ဆောနူ ပါးစပ်ကသာအော်နေပေမယ့် သူမရုန်းမိခဲ့ဘူး။ သူ နီရှီမူရာ ခေါ်ရာကို ငြိမ်ငြိမ်လေးဘဲလိုက်နေ၏

" ဟင့်အင်း ကင်မ်ဆောနူ ငါမင်းကို ထွက်သွားခွင့်ပေးလိမ့်မယ်လို့ထင်နေတာလား ဟမ်''

" ငါပင်ပန်းတယ် နီရှီမူရာ ငါမင်းဘေးနေရတာ ပင်ပန်းနေပြီ''

" မင်းမရှိရင် ငါရူးသွားမှာ ကင်မ်ဆောနူ ''

" မင်းကနဂိုကရင်းရူးနေတာကို''

" ဆိုပါတော့ အင်း ဟုတ်တယ် ငါနဂိုကရင်းအရူးဘဲ ဒါပေမယ့် .....'

နီရှီမူရာ သည် သူ၏ဘက်ကိုလှည့်လာကာ စူးရှသော မျက်ဝန်းများဖြင့် ကြည့်၏ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now