ep (17)

435 65 14
                                    

နီရှီမူရာ ရဲ့ရက်စက်ခြင်းကို ထိန်းချုပ်နိုင်သည့် လူသားသည် ဤစကြာဝဠာတွင် တစ်​ယောက်တည်းသာ။ ကင်မ်ဆောနူတဲ့။
.......................................................................
နေ့လယ်စာစားပြီးနောက် ကလေးတွေစားထားသည့် ပန်းကန်တွေကို ဝိုင်းဆေးရန်တာဝန်သည် ဆောင်းဟွန်း နှင့် ဆောနူ ဆီ ကျရောက်လာ၏။

" ဟွန်း မောင်ကော ကူမယ်လေ ''

ဂျိတ်ခ်သည် ဆောနူ နှင့် ဆောင်းဟွန်း ကြား တိုးဝင်ကာ ဆောင်းဟွန်း ကို မျက်နှာလိုအားရလုပ်၏ ။

" သဘောလေ ''

" ဂျိတ်ခ် ''

ဆောနူ သည် ဂျိတ်ခ်ဆိုသူအား ကြည့်နေမိ၏ ။ ဂျိတ်ခ် ဆိုတာ အစ်ကိုဆောင်းဟွန်း တအားချစ်ရသည့်သူမဟုတ်ပါလား။ အစ်ကိုဆောင်းဟွန်း ကို နေ့တိုင်းအလွမ်းတွေကြား ပင်ပန်းအောင် လုပ်သည့်သူ မဟုတ်ပါလား။ အခုမှလာပြီး....... အစ်ကိုဆောင်းဟွန်း ကို ထပ်ပြီး နာကျင်အောင်လုပ်အုံးမလို့လား။

" ဟွန်း လက်ကပင့်ထားလေကွာ ''

ဆောင်းဟွန်း သည် လက်မပင့်ဘဲ ဂျိတ်ခ်ဆပ်ပြာတိုက်ထားသည့် ပန်းကန်တွေကို ရေဖြင့်ဆေးနေ၍ ဂျိတ်ခ်က ပြောလေ၏ ။

" မပင့်တော့ ဘာဖြစ်လဲ အဲ့ဒါ ကျွန်တော့်သဘောလေ ''

ဂျိတ်ခ် ပြုံးမိ၏ ။ မောင့်ကိုစိတ်ကောက်နေတာပါလို့ တစ်ဖက်လှည့်နဲ့ ပြောနေသလို။

" လာ မောင်ပင့်ပေးမယ် ''

ရေတွေစိုနေသည့် ဆောင်းဟွန်း ၏ လက်ဖြူဖြူလေးကို ဂျိတ်ခ်က ဆတ်ခနဲ ဆွဲယူကာ မိုးပြာရောင်တီရှပ်လက်ဖျားသားတွေကို တံတောင်ဆစ်ထိ ပင့်တင်ပေးလိုက်၏ ။

ဟွန်းသည် ငြင်းတော့မငြင်းရှာ။ ဂျိတ်ခ်ကို စူးစူးကြီးသာ ကြည့်နေပြီး ဘာမှတော့မပြော။

" ရပြီ ဟင်း ဟွန်း ရေမစိုတော့ဘူး ''

" ကျေးဇူးဘဲ ''

ကျေးဇူးစကား။ ဟွန်း က သူ့ကို ကျေးဇူးတင်တယ်တဲ့။ သူစိမ်း တွေမှ ကျေးဇူးတင်စ​ကားဆိုရတာ။ မောင်တို့က သူစိမ်း တွေလည်း မဟုတ်ပါဘဲ ကျေးဇူးတင်စကားလိုလို့လားဟွန်းရယ်.......

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now