ep(3)

678 90 5
                                    

ကိုယ့်အပိုင်ယုန်ဖြူလေးအတွက် လွတ်မြောက်ခွင့်ဆိုတာ ဘယ်သောအခါမှ မရှိ။
....................................... ............................

" စာကြည့်မယ် ''

နားထဲ တိုးဝင်လာသည့်စာသင်ကြားနေသည့်အသံတွေ။

အတွေးတွေကြားထဲ ဆောနူမျှောနေမိခဲ့တာဘဲ။

နီရှီမူရာ နဲ့စတွေ့တဲ့အချိန်ကစပြီးအခုထိဆိုးရွားလွန်းသည့်ဘဝကိုတွေးမိယုံနဲ့ စိတ်ပျက်လွန်းလို့။ စိတ်မွန်းလွန်းလို့။

ထွက်လမ်းမရှိ။နေရာတိုင်းတွင်ပိတ်လှောငိထားချင်သည့်နီရှီမူရာကိုမုန်းလွန်းလို့ ။

HYBE ကျောင်းမှာ တက်နေရတာ ဒီနေ့နဲ့ဆို တစ်လရှိပြီ ။

တစ်လဆိုသည့်ရက်ပေါင်းသုံးဆယ်အတွင်းပြဿနာဆိုတာလည်းသုံးရာမကဖြစ်ပြီးပြီ ။

အဲ့ပြဿနာတွေထဲအဆိုးဆုံးပြဿနာတစ်ခုရှိသည်။

" နီရှီမူရာရီခီ 'ဆိုသည့်စောက်ရူးကောင်သည်
ဆောနူကို စာထဲ အာရုံမစိုက်နိုင်အောင်နှောက်ယှက်လွန်းသည်။

ဆောနူကိုသာကြည့်နေသည့်မျက်ဝန်းစူးရှရှတွေ။
ဒါကလည်း နေ့စဥ်ဖြစ်ရပ်တစ်ခုလိုပါဘဲ

နီရှီမူရာ နီခီဆိုတဲ့အရူးက စာသင်ချိန်တိုင်း သူ့အားမျက်တောင်မခတ်တမ်း
ကြည့်နေတတ်သည်။

ဒါကလည်း ဒီနေ့ရဲ့ အာရုံမစိုက်နိုင်တဲ့ အကြောင်းအရင်းဖြစ်နေပြန်သည်

ဒီနေ့မှမဟုတ်ဘူး။ဘယ်နေ့ကမှကိုအာရုံမစိုက်နိုင်ခဲ့တာ။

" နီရှီမူရာ ''

" အင်း '

အဖြေဖြေတာတောင် သူ့အား အကြည့်မလွှဲ။

" ငါ စာကို အာရုံစိုက်ချင်တယ် ''

"စိုက်လေ ''

"ဘာ ''

" စာ မဟုတ်ဘူး ငါ့ကို '

" ကျစ် ''

တိတ်ဆိတ်နေသော အခန်းအတွင်း နီခီ့နှင့် ဆောနူအသံက ကြီးစိုးနေသည်

ဆရာမက ကြားလိမ့်မည်။သို့သော်နီရှီမူရာ၏အသိုင်းအဝိုင်းကိုဆရာမလိုသာမန်မိသားစုကလူယှဥ်ရဲမည်တဲ့လား။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now