ep (25)

454 52 2
                                    

ကင်မ်ဆောနူ မငိုဖို့ နီရှီမူရာ ပြောင်းလဲပေးနိုင်၏ ။ ကင်မ်ဆောနူ ပြုံးဖို့ နီရှီမူရာကြိုးစားဖန်တီးပေးချင်၏ ။

.................နီရှီမူရာနှလုံးသားဥပဒေ................

" ဟို အခန်းက ကျဥ်းလွန်းတယ် ''

ဆောနူ သည် အခန်းကျဥ်းကျဥ်းလေးကိုမေးငေါ့ပြရင်းတံခါးဝရှိနီခီ့ကိုပြောလိုက်၏ ။

" အိပ်ယာကလည်း နှစ်ယောက်မဆန့်ဘူး''

အိပ်ယာခင်းကလည်း တစ်ယောက်အိပ်စာ။ စောင်ကလည်းတစ်ထည်တည်း။

" ဘာဖြစ်လဲ ကွေးကွေးလေးအိပ်ရင်ဖြစ်တာဘဲလေ''

" ဟမ် မင်း အ အခုအတူအိပ်မယ်လို့ပြောတာလား''

"အင်း ''
နီခီက အေးအေးဆေးဆေးသာပြောပေမယ့် ဆောနူကတော့ မအေးပါ။ တစ်ကိုယ်လုံးပူစပ်ပူလောင်ဖြစ်သွားသလို။ နားရွက်ဖျားတွေ၊ ပါးတွေ နီရဲသွားသည်မှာ သုံးစက္ကန့်လေးအတွင်း။
ဆောနူ၏ ချက်ချင်းပြောင်းလဲသွားသည့်ပုံစံကိုလည်း နီခီက သတိထားမိသွား၏။

" မင်းရှက်နေတာဘဲ ''

နီခီ၏ မျက်နှာသည်ပြုံးစိစိ။
ဆောနူ ပို၍ ပူရှိန်းပူရှိန်းဖြစ်သွား၏ ။ နီရှီမူရာ၏ ပြုံးစိစိမျက်ခွက်ကြီးကိုလည်း ပိတ်ထိုးပြစ်ချင်စိတ်တွေလည်း ပေါ်လာ၏ ။ အညိုအမဲစွဲတဲ့ထိ ထိုးပြစ်ချင်လိုက်တာ။

" မင်း ​ေ တ တေ တော်စမ်း ''

" ဟားဟား အရှက်ပိုနေတာ သိသာချက်ဘဲ ချစ်စရာလေး အိုက်ဂူး ချစ်စရာလေး '

လှောင်ရယ်သံကြီးဖြင့် ဆောနူကို အသည်းယားနေသော မျက်လုံးရွဲကြီးတွေနှင့်ကြည့်ပြီး ကလေးလိုစနောက်နေသည့် နီရှီမူရာကြောင့် ဆောနူ ဒေါသတွေ ငယ်ထိပ်ဆီသို့ တက်လာပြီဖြစ်၏ ။

" မင်း ပြန်တော့ နီရှီမူရာ မဟုတ်ရင် ငါမင်းကို ကန်ဆောင့်တော့မှာ ''

" ကန်ချင်ကန်လေ စိတ်ကြိုက်ကန်ပေါ​့ တစ်ခုဘဲ ငါမပြန်ဘူး ကင်မ်ဆောနူ ရှိရာနေရာကနေ တစ်ဖဝါးမှ မခွာဘူး ''

" ယား မင်း ''

ဆောနူကို ခါးကိုဖက်လိုက်သည့် နီရှီမူရာသည် သူ၏ မေးစေ့ကိ​ု ဆောနူ၏ ပုခုံးပေါ်တင်ထား၏ ။  ဆောနူ ၏ ဒေါသတွေလည်း
တောင့်တင်းကုန်၏ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)जहाँ कहानियाँ रहती हैं। अभी खोजें