ep( 14)

460 74 9
                                    

၁၁လပိုင်း ၂ရက် ၂၀၂၃ ခုနှစ် အချိန်အားဖြင့် ကိုးနာရီဆယ်မိနစ်သည် ကင်မ်ဆောနူ သည် နီရှီမူရာ ကို အပြုံးလှလှလေးတစ်ခုပေးခဲ့၏။

........................................................................
" နီရှီမူရာရီခီ ''

ဒယ်ဒီ့၏ ထိတ်လန့်တကြားအော်သံသည် ကင်မ်ဆောနူ ကိုတော​့ တုန်ရီသွားစေတာဖြစ်ပေမယ့် နီခီကတော့ မျက်တောင်တစ်ချက်မခတ်။

" အမယ်လေး သွေး သွေး'

မယားငယ်မ၏ တုန်ရီနေသော အသံကိုလည်း ကြားရ၏ ။

" အင်း ဘာလဲ''

နီခီ သည် ဖခင်ဘက်လှည့်လိုက်၏ ။

" နီရှီမူရာ မင်း

နီခီ၏ ဖခင်နှင့် နီခီ့ဖခင်၏ အမျိုးသမီးသည် မျက်နှာတွင်သွေးတွေပေပွနေသော နီခီ့ကိုကြည့်ပြီး လန့်ဖျတ်ကုန်၏ ။ အနားတွင် သွေးရာပလပွနှင့်အသေဆိုးနှင့်သေနေသောခွေးနက်ကြီးသည် နီခီ၏ လက်ချက်သာဖြစ်ကြောင်း မေးစရာပင်မလိုတော့။

" ဘ ဘာလို့ သတ်လိုက်တာလဲ မင်း မင်း ရူးနေလား ''

" အဲ့စောက်ခွေးက ကင်မ်ဆောနူ ကို ငိုအောင်လုပ်ထားတယ်လေ ကင်မ်ဆောနူ ရဲ့အသားနုနုလေးကို ထိတယ်လေ အဲ့ဒါကြောင့် ငရဲပို့လိုက်တာ ကင်မ်ဆောနူ ကိ​ုထိသူတိုင်း သွားရမယ့်လမ်းက ငရဲဘဲ''

ခက်ထန်စွာ။ အေးစက်စွာ။ ရက်စက်စွာ။ နီရှီမူရာ သည် အကြင်နာတရား ကင်း၏ ။ အထူးသဖြင့် ကင်မ်ဆောနူ ပတ်သတ်လာရင်ပေါ့။

" နီရှီမူရာ ''

နီခီ၏ ဖခင်သည် နီခီကို မယုံနိုင်စွာဖြစ်၏ ။ ဒီအတိုင်းမိုက်ရိုင်းသောင်းကျန်းနေသည့်ဂျလေဘီသာသာထင်ခဲ့တာ။ အခုတော့ လူသတ်ဖို့တောင်ဝန်မလေးသူဖြစ်နေ၏ ။ သူပင် အတော်သွေးပျက်သွား၏ ။

" သတ်မှာပါ ကင်မ်ဆောနူ ကို ထိတဲ့သူ ကြည့်တဲ့သူ နာကျင်အောင်မှန်သမျှ သတ်မှာပါ ဓားတစ်လက်က အိပ်ကပ်ထဲ အသင့်ဖြစ်နေတာမို့''

နီခီသည် သူပြောလိုရာပြောပြီးနောက် ကင်မ်ဆောနူ ကို ပွေ့ချီကာ လှည့်ထွက်သွားခဲ့၏ ။

" နီရှီမူရာ ပြန်လာခဲ့စမ်း နီရှီမူရာ ''

ဟင့်အင်း။ ဘာကိစ္စလာရမှာလဲ။ စောက်ရေးမပါလိုက်တာ ။ အခု ကင်မ်ဆောနူ ရဲ့ဒဏ်ရာဆေးထည့်ဖို့ကမှ အရေးကြီးဆုံးကိစ္စ။ အခုချိန်မှာ ကမ္ဘာပြိုရင်တောင် သူကတော​့ စောက်ဂရုစိုက်နေမည်မဟုတ်။ ကင်မ်ဆောနူလေးကမှ သူ့ကမ္ဘာလေး။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Donde viven las historias. Descúbrelo ahora