final

756 70 11
                                    

နီရှီမူရာနှလုံးသားဥပဒေ သည် လှပသောအတ္တ။

............နီရှီမူရာနှလုံးသားဥပဒေ ................

"Date ရအောင် နီရှီမူရာ ''

" အင်း အရင်ဆုံး ဘယ်သွားချင်လဲ ''
" ငါ တော့ပုကီ စားချင်တယ် ''

ဆိုသော ကင်မ်ဆောနူ၏ စကားကြောင့် နီရှီမူရာ၏ နောက်ဆုံးပေါ်ဆိုင်ကယ်သည် တော့ပုကီဆိုင်လေးဆီ ဦးတည်လျက်။

ဆိုင်ရှေ့ရောက်သည်နှင့် ဆိုင်ကယ်ရပ်၏ ။ ဆောနူ၏ ပုခုံးကို တင်းနေအောင်ဖက်ကာ ဆိုင်ထဲကို ခပ်တည်တည်ပင်ဝင်၏ ။ ဆောနူ ခေါင်းတရမ်းရမ်း။

ဆိုင်ထဲရှိ လူအချို့ ကင်မ်ဆောနူ ကို မျက်စိအစာကျွေးသည့်အခါ နီရှီမူရာဟာ ဂြိုဟ်ပေးဖို့ မမေ့ခဲ့ပါ။ အရင်ကလောက်ထိကြီး မကြမ်းတမ်းတော့ပေမယ့် နီရှီမူရာက နူးညံ့ညင်သာသွားသည်လည်းမဟုတ်။

ကင်မ်ဆောနူ ကိုထိသူကြည့်သူမှန်သမျှကို ဂြိုဟ်ပေးရန်ရှာတတ်ဆဲ။ ဆောနူ ထိန်းရင်တော့ရ၏။ ဆောနူ လက်ကို တင်းတင်းဆုပ်ကာ ''ကင်မ်ဆောနူ ကငါ့အပိုင် '' ဆိုပြီး ပြောပြီးရင်တော့ ဘာမှဆက်မလုပ်တော့။ သတိပေးကြည့်ကြည့်ရုံလောက်နဲ့ ပြီးသွားတတ်၏ ။

တကယ်တော့ နီရှီမူရာဟာ သဝန်တိုတာ ဘာလည်းတောင်မသိသည့် ကလေးတစ်ယောက်သာ ။ တွေးကြည့်မှ သူ့အသက်က အခုမှဆယ့်ကိုးမဟုတ်ပါလား

" ကင်မ်ဆောနူ ဒီလောက်ထိ စပ်တာကိုစားချင်နေတာလား ''

" အင်း အရမ်းကြိုက်တယ် အဲ့ဒါစားနေရရင်ပျော်တယ်''

ထောင့်စွန်းကျတဲ့နေရာလေးမှာ မျက်နှာချင်းဆိုင်ထိုင်ကာ တော့ပုကီစောင့်ရင်း စကားတွေ အများကြီးပြော​ဖြစ်သေး၏။

" အင်းပါ ပျော်ရင်လည်း ပြီးတာဘဲ အရေးကြီးတာက မင်းပျော်ဖို့ ဟင်း ''

" ဟင်း ''

" ရယ်တာလား အင်း လေစောက်ရူးစကားဆိုတော့လည်း.............ဒါပေမယ့်လည်း မင်းရယ်တာဘဲ ဟင်း '

" အင်း စောက်ရူးကောင်ကို ချစ်မိကတည်းက ကင်မ်ဆောနူ ​ကလည်းရယ်လိုက်ငိုလိုက်​ဖြစ်ရတဲ့ စောက်ရူးလိုပါဘဲကွာ ''

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now