ep (11)

467 69 9
                                    

နီရှီမူရာ့နှလုံးသားကို မီးမြှိုက်စေတာ ကင်မ်ဆောနူ ရဲ့မျက်ရည်စ။
.....................................................................

ဂေယာကို ပြန်နေသည့်ဆောင်းဟွန်း၏
ခြေလှမ်းတွေ နှေးကွေးနေခဲ့သည် ။အားအင်တွေလည်း ကုန်ဆုံးနေပြီ။ ပင်ပန်းနေပြီ။
အပြီးတိုင်ထွက်သွားရောပေါ့ ဘာလို့ အခုမှ ပြန်လာရတာလဲ။ လွမ်းစိတ်နဲ့ မွန်းကျပ်နေအောင်အသေ သတ်ရုံအားမရလို့။ အခုလူကိုယ်တိုင်လာပြီးဆောင်းဟွန်းကို ချစ်စိတ်မွှန်အောင် လုပ်ပြီး သတ်ဦးမလို့လား။

သေပြီးသားလူပါမောင်။ မောင်ထားသွားတဲနေ့ကတည်းက ဟွန်းက အသက်မဲ့နေပြီးပြီမောင်။

" မောင်ထင်ထားသလို ဟွန်းရဲ့ အနာမကျက်သေးဘူး ''

" မောင် ဟွန်းကို မချစ်ခဲ့ဘူး ''

ငါးနှစ်လုံးလုံးဟွန်းရဲ့ နားစည်ကို ဒုက္ခပေးခဲ့တဲ့ မောင့်အသံ။ ရက်စက်ခြင်းများစွာ၊ သနားခြင်းတစ်စက်ကလေးတောင်မပါခဲ့တဲ့မောင့်ရဲ့အေးစက်စက်အသံ။
အဲ့နေ့က မောင်သိပ်အေးစက်ပြီး ရက်စက်လွန်းတယ် မဟုတ်လား

ကော်ဖီဆိုင်မှာတွေ့ဖို့ချိန်းခဲ့၍ သာမန်နေ့တွေလို မောင် ဟွန်းကို ချိန်းတာလို့ဘဲ ထင်ခဲ့တာ။နောက်ဆုံးနေ့လေးဆိုတာသိရင် ဟွန်းမလာခဲ့ပါဘူး။

" မောင် ''

မောင့်ကိုတွေ့လို့ လှမ်းအော်လိုက်သော်ငြား မောင်က အေးစက်စက်သာ ။ မောင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်တော​့မောင့်ရဲ့စိမ်းသက်သောအကြည့်တွေနှင့်တည့်မတ်စွာဆို၏ ။ ဟွန်း ရင်ထဲဒိတ်ခနဲဘဲ။

" မောင် ''

" ဟွန်း ''

လေးနက်လွန်းနေတဲ့မောင့်အသံမှာ နာကျင်နေသည်လား ဝမ်းနည်းနေသည်လား မပြောတတ် ။ သေချာသည်ကတော့မောင်ပုံစံသည် အရင်နေ့များနှင့်မတူ။

"ဘာလဲ မောင် ''

" လမ်းခွဲရအောင် ''

ကြားလိုက်ရတဲ့စကားကြောင့် အသက်ရှူပင်ရပ်မတတ်။ အခု အခုသူဘာကိုကြားလိုက်တာ။ သူနားကြားလွှဲတာနေမှာပါ ။ချက်ချင်းပင်တဆတ်ဆတ်တုန်လာရသည့် နှုတ်ခမ်းတွေ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now