ep(15)

534 77 7
                                    

နီရှီမူရာ တွင် အချိန်နာရီဆိုတာမရှိ။ ကင်မ်ဆောနူ ကို အမှီပြု၍သာ လှည့်ပတ်ရှင်သန်နေ၏ ။

............................. ..........................................

ဆောင်းဟွန်းသည် bus ကားမှတ်တိုင် တွင် bus ကားအလာကို စောင့်နေ၏ ။ နာရီတကြည့်ကြည့်နှင့် သူစိတ်တွေလောနေပြီဖြစ်၏ ။ အချိန်ကလည်း ဆယ်နာရီကျော်နေပြီ။

ဂျိန်း။မိုးတွေ ချိန်းကာ လျှပ်စီးတွေ လက်နေသည်ကြည့်ရတာ မိုးရွာတော့မည့်ပုံပေါ်၏ ။ Busကားက မရောက်လာသေး ပေ။ ဒီနေ့မှ နောက်ကျ၏ ။

" ဟူး မာသာတော့ စိတ်ပူနေတော့မှာဘဲ ''

ဖျောက် ။ ဖျောက်။

မိုးစက်တွေသည် တစ်ပေါက်ပေါက်ကျလာပြီဖြစ်၏ ။ မိုးစက်တွေကို ကြည့်ရင်း မျက်ဝန်းထဲလည်း အတိတ်က အရိပ်အယောင်တွေပေါ်လာရ၏ ။

ဆောင်းဟွန်း က ထီးယူရမှာသိပ်ပျင်းသူ ။ အဲ့တော့ မိုးကြီးချိန်တွေဆို ဒုက္ခအကြီးကြီး ရောက်တော့တာဘဲ။ အဲ့ဒုက္ခတွေကိ​ုကယ်တင်ပေးသူကတော့ မောင်ပင်။

ဆောင်းဟွန်း ရှိသည့်နေရာကို ထီးတစ်ချောင်းကိုင်ကာ မိုးကြားထဲပြေးလာသည့် မောင်သည် ဆောင်းဟွန်း အနားရောက်တာနဲ့ ထီးမယူရမလားဆိုပြီး နားညီးနေအောင် ဆူပူတော့တာဘဲ။
" ဟွန်းရယ် ထီးလေး ဘာလေး ယူခဲ့မှပေါ့ မနက်ကရင်း မောင်ပြောတယ်လေ မိုးသတင်းကြေညာထားတယ် ထီးယူသွားဆို ဟွန်းကလေ ပြောစကားဘယ်တော့မှနားမထောင်ဘူး
အမြဲပြောနေရတယ်နော် အကျီကလည်းပါးလိုက်တာ မိုးအေးပါတယ်ဆို''

ထီးလည်းမိုးပေး အနွေးထည်လည်း ထပ်ပေးရင်း မောင်က ပွစိပွစိပြောလာသည် မောင်ကလေ တစ်ခါတစ်လေဆို အဖိုးကြီးပေါက်စအတိုင်းဘဲ ။ ဆောင်းဟွန်း မှာ နားလည်းညီးလှပြီဖြစ်၍ မျက်နှာလေးမှာ ဆူပုတ်လို့။

" မောင်ကလေ အဖိုးကြီးကျနေတာဘဲ '

" သြော် မောင်က စိတ်ပူလို့လေ ဘယ်နှယ့်အဖိုးကြီးတုန်း ''

" ဟီး တကယ့်အဖိုးကြီးဟာ ''

" ဒီကောင်လေးကတော့ နာချင်နေပြီဘဲ''

" ဟင်းဟင်း မောင်နော် နာအောင်လုပ်ရက်လို့လား ''

" ဟားဟား မလုပ်ရက်ပါဘူးဗျာ မောင်ကဖြင့် ဟွန်း ကို ဒဏ်ရာသေးသေးလေးတောင်အရမခံနိုင်ဘူး ''

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now