ep (28)

407 56 6
                                    

ကင်မ်ဆောနူယုန်ဖြူလေး မျက်ရည်မကျဖို့ ကင်မ်ဆောနူ ရဲ့အမုန်းကို ဒီထပ်ပို မယူချင်တော့လို့ သေမင်းနဲ့တောင် ယှဥ်ပြိုင်ခဲ့ရမည်ဆိုလျှင်

............နီရှီမူရာနှလုံးသားဥပဒေ ................

ဆောနူ၏ လက်ကောက်ဝတ်တွင် ပတ်ထားသည့် အနက်ရောင်နာရီဝိုင်းလေးကို ကြည့်မိတော့ နာရီလက်တံတွေသည် ဆယ့်တစ်နာရီထိုးလုနီးနီး အခြေအနေကို ညွှန်ပြနေလေပြီ။

နီရှီမူရာသည် အခုထိ ရောက်မလာသေးပေ။ လွန်နေပြီမဟုတ်ပါလား။ ရှစ်နာရီကနေ ဆယ့်တစ််နာရီ ။ သုံးနာရီကြီးများတောင် နီရှီမူရာသည် ကင်မ်ဆောနူဆီ မလာဘဲ ဘယ်ကိုများ သွားနေပါလိမ့်။ ဘာလို့မလာရသေးတာလဲ။ လမ်းမှာများ တစ်ခုခုဖြစ်နေ၍လား.......

စိုးရိမ်စိတ်လေးတွေတော့ ဝင်လာ၏။ သဲကြီးမဲကြီးရွာသွန်းနေသော မိုး ။ ဆောနူ၏ စိတ်တွေသည် လေးလံသောသံတုံးကြီးတစ်ခုပိခံထားရသလို လေးလေးကြီးဖြစ်နေ၏ ။

အထဲမှာစောင့်နေရတာ စိတ်မရှည်တော့၍ ဆိုင်ပြင်ထွက်လာ၏ ။ ဖုန်းထပ်ခေါ်ရန် ဖုန်းကို ဖွင့်လိုက်၏ ။ ဖုန်းခေါ်ကြည့်တော့ စက်ပိတ်ထားပါသည်တဲ့။ ဒါကြီးကိုဘဲ ပြောနေတာ။ ဘာလို့ဖုန်းကို စက်ပိတ်ထားရပါလိမ့်။

" မင်း လာတော့လာမှာပါနော် ''

ခုနကထိရင်တွေခုန်နေတာ။ အခုတော့ ရင်လေးလာ၏ ။ မျှော်သူကြီးက ပေါ်မလာပေါ်မလာမိ​ု့ရင်တွေပါမောလာ၏ ။

" ဟာ မိုးကလည်း မတိတ်ဘူး ကျစ်''

မိုးက ပိုပိုပြီးများလာ၍ လမ်းမကိုတောင် ကောင်းကောင်းမမြင်ရသည်အထိ မိုးစက်တန်းကြီးတွေနှင့် ဝေဝါးမှုန်ရီလာ၏ ။

သို့ပေမယ့် မှုန်ဝါးဝါး အမြင်အာရုံထဲ ဝင်ရောက်လာသည့် သူတစ်ယောက်သည် ကင်မ်ဆောနူ၏ ရင်ခုန်သံတွေကို အတိုင်းအဆမဲ့ မြန်ဆန်စေ၏ ။

" နီရှီမူရာ ''

မိုးပေါက်ကြီးတွေကြား ထီးမပါဘဲ ခပ်ဖြေး​ဖြေးလာနေသည့် နီရှီမူရာ ။ ခပ်လှမ်းလှမ်းမှာမို့ မျက်နှာကိုတော​့ သေချာစွာ မမြင်ရသေး။

" ဟာ ဒီကောင် မိုးထဲ ထီးလည်း မဆောင်းထားဘူး ဟူးး ''

ဆိုင်ထောင့်တွင် ထောင်ထားသည့် အသင့်ယူလာသည့် ထီးလေးကိုဆွဲကာ ဆောနူ နီရှီမူရာဆီပြေးလာခဲ့သည်

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now