ep (20)

400 66 6
                                    

ကင်မ်ဆောနူ ကိုချစ်သူတိုင်းကို နီရှီမူရာမုန်း၏ ။ မီးစတွေနဲ့အတူ သူတို့တွေ လောင်ကျွမ်းသွားရင်ကောင်းမည်။

.................နီရှီမူရာနှလုံးသားဥပဒေ................

နီရှီမူရာနှလုံးသားဥပဒေ ။ ဂျီဂျွန်ဆော့ပြောသလို စောက်ရူးဥပဒေသာ။ ဆောနူ နီရှီမူရာကို သိပ်ကို စိတ်ပျက်နေပြီ။

သူ့ရဲ့ အဓိပ္ပါယ်မဲ့တဲ့လုပ်ရက်တွေ။ ကင်မ်ဆောနူကိုထိ နီရှီမူရာနဲ့ ငြိဆိုတဲ့ အတ္တဆန်ဆန်စကားလုံးတွေ။ ကင်မ်ဆောနူ ကို ထိသူတိုင်း သွားရမယ့်လမ်းက ငရဲဆိုသည့် ရက်စက်ခြင်းတွေ။

အလကား ။ အဓိပ္ပါယ်မရှိ။ နီရှီမူရာက စောက်ရူး။ အဲ့ဒီစောက်ရူးလုပ်ရက်တွေကြောင့် နာကျင်ရသည့်သူတွေလည်းမနည်း။ ကင်မ်ဆောနူ ကိုယ်တိုင်လည်း စိတ်ပျက်ငိုကြွေးနာကျင်ရသည့် နေ့ရက်တွေများလှပြီ။

" အဟင့် ရူးတော့မယ် ''

ဂေဟာရှေ့ရှိ မြက်ခင်းပြင်ပေါ်တွင် အရုပ်ကြိုးပျက် ငြိမ်သက်စွာထိုင်ချရင်း ကင်မ်ဆောနူ ငိုကြွေးမိခြင်း။

ရူးတော့မယ် ။ နီရှီမူရာ့ကြောင့် ရူးတော့မယ်။ နီရှီမူရာ့ကြောင့် သူအသက်တောင်ဖြောင့်ဖြောင့်မရှုရဲတဲ့ထိ။ သူ ထွက်ပြေးချင်သည်။

ဒါပေမယ့် ထွက်လည်းမပြေးနိုင်ဘူး။ မာသာတို့ကြောင့်တင်မဟုတ်ဘဲ နီရှီမူရာစောက်ရူးကောင် နားကနေ ထွက်မပြေးနိုင်ဘူး။

နီရှီမူရာရဲ့လောင်းရိပ်အောက်နေရတာကို သဘောကျနေမိတာ။ ပြောရရင် နီရှီမူရာကို ချစ်မှန်းမသိချစ်သွားမိတာ။

မုန်းလိုက်တာ ။ နီရှီမူရာ့ကို လည်း မုန်းတယ်။ ကိုယ်ကိုကိုယ်လည်းမုန်းတယ်။

" ဘာလို့လဲ နီရှီမူရာ့ကို အမြဲမုန်းနေသင့်တာကို.... ''

ဘာလို့ နှလုံးသား က အကြိမ်ကြိမ် နီရှီမူရာကိုဘဲ ရွေးချယ်နေရတာလဲ။ အချစ်ဦးက နီရှီမူရာ ဖြစ်လာရတာလဲ။ ချစ်တတ်ခြင်းရဲ့အစက ဘာလို့ နီရှီမူရာ ရဲ့မျက်ဝန်းတွေလဲ။ ဘာလို့လဲ။

မချစ်ချင်ဘူး နီရှီမူရာ ကို မချစ်ချင်ဘူး ။ မုန်းချင်တယ်။ သေလောက်အောင် မုန်းချင်တယ်လို့။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now