ep (27)

405 56 8
                                    

ကင်မ်ဆောနူ ရဲ့အပြုံး ကင်မ်ဆောနူ ရဲ့ရယ်သံ ပြီးတော့ ကင်မ်ဆောနူ ရဲ့
ချစ်တယ်ဆိုတဲ့စကားသံလေးကိုသာကြားရရင် နီရှီမူရာ တော သေပျော်လေပြီတဲ့..

.................နီရှီမူရာနှလုံးသားဥပဒေ ................

" ဒီနေ့ ကျောင်းသွားကြမလား ''

ဆေးရုံဝင်းထဲသို့ ဆိုက်ရောက်လာသည့် နီရှီမူရာ၏ အချစ်တော်ဆိုင်ကယ်ကြီး နှင့် ဆိုင်ကယ်ပေါ်ထိုင်နေသော စတိုင်လ်အပြည့်နှင့် နီရှီမူရာ။

ငွေရောင်ပြောင်းထားသည့် ဆံနွယ်ဖွာတွေကို မျက်စိထဲ အသားမကျသေးပေမယ့် နီရှီမူရာနဲ့ လိုက်ဖက်လွန်းသည်ကတော့ ငြင်းဆန်လို့မရပြန်။ ဘယ်လိုနေနေစတိုင်လ်မိနေတော့တာဘဲ နည်းနည်းလေးတော့ မနာလိုစရာ။

" မသွားချင်ဘူး ကျောင်းက လူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ ဟိုနေ့က မင်းငါ့ကို ကျစ်....''

ဆောနူ၏ မျက်နှာသည် ထိုအကြောင်းတွေကို ဆက်မပြောချင်တော့သည့်ဟန်။ ပြောချင်စရာလည်းကောင်းမှမနေဘဲ။ နီရှီမူရာက ကင်မ်ဆောနူ ကို အရုပ်တစ်ရုပ်လို ဖက်နမ်းရှုံ့နေခဲ့တာ။

" မင်းကြောင့်ဘဲ''

" မင်း တခြားတစ်ယောက် နဲ့ နမ်းနေတဲ့ မြင်ကွင်းကို ငါက ပြုံးပြီး ဆက်လုပ်လို့ အားပေးနေရမှာလား နီရှီမူရာက အဲ့လောက်ထိ သမာဓိမကောင်းဘူးကွ မင်းငါ့ဒေါသကိုသိသားနဲ့''

" ဟုတ်ပါတယ် မင်းက တကယ့် အရူးဘဲဟာ ဟင်း '

" အချစ်ရူးဆိုတာကို မင်းမသိဘူးမလား အဲ့နေ့က ငါဘယ်လောက်ထိ ရူးသွပ်သွားလဲ မင်းသိလား ငါ အဲ့နေ့ကို ပြန်တွေးမိတိုင်း ငါအသားတွေ တဆတ်ဆတ်တုန်လာတယ် ဂျီဂျွန်ဆော့ကိုလည်း ငရဲထိကို လိုက်ပြီး တစ်စစီဖြစ်အောင် ဖြဲ ပြစ်ချင်တယ်''

မာန်ပါပါမျက်နှာ။ ဒေါသတရားကို ဖော်ဆောင်ပေးနေသည်မှာ ခက်ခက်ထန်ထန်။ ပြင်းထန်လွန်းသောရူးသွပ်ခြင်းစိတ်ကြောင့် တကယ်လုပ်လို့ရရင် လုပ်မည့်ပုံစံ။

ဆောနူ သက်ပြင်းချလိုက်မိ၏ ။

" တော်ပါတော့ကွာ ''

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now