ep (26)

422 54 2
                                    

ကင်မ်ဆောနူမျက်နှာကိုသာကြည့်ရမယ်ဆို တစ်သက်လုံးကုန်ဆုံးရင်တောင် နီရှီမူရာကိစ္စမရှိ။

.................နီရှီမူရာနှလုံးသားဥပဒေ................
" နီရှီမူရာ မင်းအခု ဘာတွေလုပ်နေလဲ မင်းကိုမင်းကောသိလား ''

အိမ်ထဲဝင်ရုံရှိသေး မာမီ့၏ ကျိန်းမောင်းသံကို ကြားလိုက်ရ၏ ။ နီခီ စိတ်ရှုပ်သွား၏ ။ အိမ်ဘယ်မှာရှိလဲ မေ့သွားမှာစိုးလို့ ပြန်လာတာကို အခုလို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံလိုက်ရသလိုဘဲ။

လှည့်ပြေးလို့လည်းမကောင်း၍ နီခီ တံခါးဘောင်ကိုမှီလိုက်ကာ ဆိုဖာပေါ်ထိုင်နေသည့် မာမီ့ကို ပြောလိုရာသာပြော သဘောဖြင့်နေပေးလိုက်၏ ။

" နီခီ ငါမေးနေတယ်လေ မင်း ဘာတွေလုပ်နေလဲ ''
" ဂေဟာမြေမီးရှို့တယ် လူသတ်တယ် ကင်မ်ဆောနူ ကို စောက်ရမ်းချစ်နေတယ်ရပြီလား''

" ဘာ မင်းရူးနေတာလား''

" လူတိုင်း အဲ့လိုဘဲ ​ပြောကြပါတယ် မှန်တယ် မာမီ့သားက စောက်ရူးလေး ''

" ကျစ်.. နီခီငါ့ကိုမခန့်လေးစားလုပ်မနေနဲ့ မင်းဂေဟာ​မြေမီးရှို့တာနဲ့ ပတ်သတ်ပြီး ငါဘယ်လောက်တောင် လိုက်ရှင်းနေရလဲသိလား ''

" မသိဘူး သိလည်းမသိချင်ဘူး ပြောရရင် စိတ်ကိုမဝင်စားဘူး''

" မင်း မိုက်ရိုင်းလှချည်လား '

မာမီ့အသံသည် မာမာထန်ထန်။ နားထောင်လို့ ကောင်းတယ်။ ဒီလို အသံတွေကိုမှ နီခီကြိုက်တာ။

" မာမီ့သားမို့ပါ ဟင်း''

" ကလေကချေကောင် စောက်ရူးကောင် ထွက်သွားစမ်း ''

" ဟုတ်ကဲ့ သွားချင်နေတာကြာပြီခင်ဗျ ကင်မ်ဆောနူ ကို လွမ်းလှပြီ''

" ကင်မ်ဆောနူ က ဘယ်သူလဲ''

" မာမီစကားများလွန်းတယ်...အင်း.... ဒါပေမယ့်လည်း မာမီက ကျွန်တော့်အမေမို့ ပြောခဲ့ပါတယ် ကင်မ်ဆောနူ က ကျွန်တော့်ရဲ့ အပိုင်ယုန်ဖြူလေး ''

နီခီက ကြည်နူးနေသောမျက်နှာနှင့် ပြောနေ၍ နီခီ့မာမီ၏ မျက်နှာသည် ရှုံ့မဲ့သွား၏ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Where stories live. Discover now