ep (8)

510 70 13
                                    

ကင်မ်ဆောနူ တစ်ယောက်တည်းအတွက်စောက်ရူးလိုဖြစ်တည်မှု
............................... ....................... ................

နီရှီမူရာကသိပ်ကို နားလည်ရခက်လွန်းသည်။ ကင်မ်ဆောနူ ၏ ဘဝထဲကို စိတ်ပျက်မုန်းတီးစရာဖြစ်တည်မှုနှင့်ဝင်ရောက်လာခဲ့သည်။ ပြဿနာတစ်စီကြီးနှင့် ကင်မ်ဆောနူ ကို တစ်နေ့တစ်မျိုးမရိုးရအောင် စိတ်ဒုက္ခတွေပေးနိုင်လွန်းခဲ့၏ ။

ဘဝထဲကို အတင်းရောဇွတ်တိုးဝင်လာသူ။ ကင်မ်ဆောနူ မနှင်မိခဲ့။ နှင်ခွင့်လည်းမရှိခဲ့။ ဘဝထဲတိုးဝင်ရုံမက နှလုံးသားကိုပါ ဦးတည်စပြုနေသည့် နီရှီမူရာကြောင့် ကင်မ်ဆောနူ ရှုပ်ထွေးနေခဲ့ပြီ။

ရင်ခုန်မှုတွေနှင့် အချိုးကျစွာပင် ထိုရင်ခုန်မှုတွေကို မုန်းတီးစိတ်။ ရင်ခုန်သံတွေကို ဖြစ်စေတဲ့ နီရှီမူရာ့ကို မနှစ်မြို့စိတ်။ မုန်းသည်

အရိုင်းဆန်သည့်နီရှီမူရာ၊ ခံစားချက်တွေကို မထိန်းချုပ်သည့် နီရှီမူရာ၊ အကြင်နာတရားကင်းသည့်နီရှီမူရာကို မုန်းသထက်မုန်း၏ ။

ပြီးတော့ ကင်မ်ဆောနူ ကို ထိ နီရှီမူရာနဲ့ငြိဆိုသည့် နီရှီမူရာ ၏ နှလုံးသားဥပဒေ။ နှလုံးသားတစ်စုံအတွက်နှလုံးသားတစ်စုံ။ ကင်မ်ဆောနူ ကိုသာမက ကင်မ်ဆောနူ ၏နှလုံးသားကိုပါ နီရှီမူရာ ဟာ အပိုင်သိမ်းဖို့ကြံလာတဲ့အခါ။

မဖြစ်စေရပါဘူး။ ကင်မ်ဆောနူ ရဲ့နှလုံးသား နီရှီမူရာ့ဆီပါမသွားစေရပါဘူး။ ကင်မ်ဆောနူ
က ကိုယ့်နှလုံးသားကို သေချာလေးကွယ်ဝှက်ထားမည်မို့။ နီရှီမူရာ့ကို မုန်းရမည့်အကြောင်းပြချက်တွေကိုဘဲ ရှာသွားမှာမို့။

မုန်းမိသည့်အကြောင်းရင်းက ရှိပြီးသား။ အခုတောင် နီရှီမူရာကို မုန်းနေပြီ။ ကင်မ်ဆောနူ ရဲ့ bio note စာအုပ်လေးကို ရက်ရက်စက်စက်မီးရှို့ခဲ့သည့် နီရှီမူရာ ကို မုန်းမိ၏ ။ ညနေကရင်း ကူးနေတာ အခု ညတောင်ရောက်ပြီ မပြီးသေး။ စာတစ်လုံးရေးတိုင်း နီရှီမူရာ ကို ကျိန်ဆဲမိ၏ ။ သူကြိုးစားမှတ်ထားရတဲ့စာတွေကို နီရှီမူရာက စက္ကန့်ပိုင်းအတွင်း မီးရှို့ရက်သည်ကိုတွေးမိတိုင်း ဒေါသတွေတစ်ရိပ်ရိပ်ထွက်နေမိပါ၏ ။

နီရှီမူရာ နှလုံးသားဥပဒေ (complete)Tempat cerita menjadi hidup. Temukan sekarang