Description

6.8K 429 91
                                    

Unicode

Description

လွန်ခဲ့သော ခြောက်လခန့်က ထောင်သောင်းချီသည့် ထိတွေ့မရသော အနက်ရောင်မျှော်စင်များ ကမ္ဘာအနှံ့မှာ ပေါ်လာခဲ့ပြီး မြို့ကြီးများအထက်မှာ မျောလွင့်နေခဲ့ကြသည်။

ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များနှင့် ဘာသာရေးသမားများအားလုံး .....မည်သည့်ဖြေရှင်းချက်မှ မထုတ်နိုင်ခဲ့ကြ

ခြောက်လကြာပြီးနောက်မှာတော့ လူများစွာက ထိုအနက်ရောင် မျှော်စင်များနဲ့ အသားကျလာပြီး အာရုံပင် မစိုက်ကြတော့ပေ။

တစ်နေ့မှာတော့ ထန်မော့သည် အင်းဆက်ပျံတစ်ကောင်က ထိုမျှော်စင်ကြီးအား ဖောက်ပြီးပျံသန်းသွားရမယ့်အစား ထုထည်တစ်ခုနဲ့ တိုက်မိသလိုမျိုး ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။ နောက်တစ်နေ့မှာပဲ ကလေးအော်သံလိုမျိုး စူးရှပြီး ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ လူသားများဆီသို့ ကြေညာချက်တစ်ခု ထုတ်ပြန်လာခဲ့၏။

"တင်းတောင်! နိုဝင်ဘာ ၁၅ရက်နေ့ ၊ ၂၀၁၇ခုနှစ်။ ကမ္ဘာကြီးအွန်လိုင်းပေါ် တက်လာပါပြီ"

အနက်ရောင်မျှော်စင်၏ သံမဏိ-စည်းမျဉ်းကြီး သုံးချက် :

(၁) - အရာအားလုံးကို အနက်ရောင်မျှော်စင်မှသာ ရှင်းပြပေးမည်

(၂) - (၆) နာရီမှ (၁၈) နာရီအတွင်း ဂိမ်းကစားချိန်အဖြစ် သတ်မှတ်သည်

(၃) - ကစားသမားများအားလုံး, ကျေးဇူးပြုပြီး မျှော်စင်ကို တိုက်ခိုက်ဖို့ ကြိုးစားပါ

==============

Author: Mo Chen Huan

Episode : 240 + 5 Extra

Upload Date: 11.3.2022 ~

==============

Translator' Note

ဒါလေးက အပိုင်း(240) ရှိပါတယ်။

ကမ္ဘာပျက်ကပ်နဲ့ ဆင်တူပေမယ့် Zombie မပါပဲ ပိုပြီး ထူးခြားတဲ့ ပုံစံမျိုးပါပဲ။ AI တွေနဲ့ ဉာဏ်ကောင်းတဲ့ ဇာတ်လိုက်မျိုးကို ကြိုက်ရင်တော့ ဒါလေးကို ဖတ်ကြည့်ဖို့ recomment ပေးချင်ပါတယ်နော်။

The Earth is OnlineWhere stories live. Discover now