Chapter(10)

635 168 8
                                    

Unicode

အခန်း(၁၀) - ကျေးဇူးတင်ပါတယ် ဖူဝမ်သို့ ~!

စုကျိုးမှ ရှန်ဟိုင်းသို့သွားရာလမ်းမှာ အတားအဆီးများဖြင့်ပြည့်နေသည်။ ကားကိုအရှိန်အပြည့် တင်ပြီးမမောင်းခင်မှာ ထန်မော့ခမျာ လမ်းပေါ်မှာ ထပ်နေတဲ့ကားနှစ်စီးကို ဆင်းပြီးတွန်းခဲ့ရသေးသည်။

အမှန်ပဲ, သူက ကားကို တစ်ယောက်တည်း ဆင်းတွန်းခဲ့တာ!

အနက်ရောင်မျှော်စင်ဖြစ်ရပ်ပြီးတဲ့နောက်မှာ ထန်မော့သည် သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အတော်လေး တိုးတက်လာခဲ့သည်ကို ရှာတွေ့ခဲ့သည်လေ။

ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အရင် ကြည့်ရအောင်။ ခွန်အား ကြီးလာတယ်၊ အမြင်အာရုံ တိုးတက်လာတယ်၊ ထိခိုက်ဒဏ်ရာ ရရင်လည်း ပြန်ကောင်းမှုနှန်းမြန်ပြီး သူ့အသားအရည်ကလည်း သံလိုမာကျောလာခဲ့တာ

ရှန်စန်းခွန်က ကားနောက်ဖုံးကိုမပြီး သူ့ရဲ့အဝတ်အစားတွေကိုယူခိုင်းတုန်းက ထန်မော့ကရည်ရွယ်ချက်ရှိရှိနဲ့ ကားနောက်ဖုံးအပိခံပြီး သူ့အရေပြားတွေဘယ်လောက် ဒဏ်ခံနိုင်လဲ စမ်းကြည့်ခဲ့တာလေ။

လက်ဖဝါးဆိုတာ လူတစ်ကိုယ်လုံးမှာ အနူးညံ့ဆုံးအစိတ်အပိုင်းတွေထဲကတစ်ခုပဲ။ မာကျောတဲ့ကားနောက်ဖုံးက သူ့ရဲ့လက်ပေါ်ပိသွားတာတောင် ဒဏ်ရာမရတဲ့အပြင် နာတောင်မနာလိုက်ဘူး။ ဒါကြောင့်ထန်မော့က ရှန်စန်းခွန်ကိုပြန်ခုခံဖို့ဆုံးဖြတ်လိုက်တာ။ ဘာလို့ဆို ရှန်စန်းခွန်ရဲ့ဓားတွေကဘယ်လောက်ထက်ထက် သူ့အရိုးတွေကိုတော့မဖြတ်နိုင်ဘူ။ အလွန်ဆုံးမှ သွေးနည်းနည်းပါးပါးထွက်ရုံပေါ့။

နောက်တစ်ခုက သူ့ရဲ့စိတ်စွမ်းအင်က အရမ်းကောင်းမွန်လာခဲ့တယ်

ထန်မော့ကအတန်းထဲက သင်္ချာထူးချွန်ရတဲ့ကျောင်းသားမဟုတ်သလို အရမ်းညံ့တဲ့သူမျိုးလည်းမဟုတ်ဘူး။ စာမေးပွဲတွေမှာစာခိုးချလို့ရရင်တောင် ပျင်းလွန်းလို့ လုပ်မှာမဟုတ်တဲ့သူမျိုး။

တစ်စုံတစ်ယောက်ကို သတ်လိုက်မိတယ်ဆိုတာ သူ့အတွက်တော့ ပထမဆုံးအကြိမ်ပဲ။ ဒါက ကိုယ့်ကိုကိုယ် ကာကွယ်မှုဖြစ်ပြီး မတော်တဆ ဖြစ်သွားတာ ဆိုပေမယ့်လည်း ရှန်စန်းခွန်ကိုသတ်လိုက်တာက သတ်လိုက်တာပဲလေ

The Earth is OnlineWhere stories live. Discover now