Chapter(22-1)

690 157 19
                                    

Unicode

အခန်း(၂၂-၁) - ချစ်လှစွာသော အန်ကယ်မာရီယိုရေ တကယ်ပဲ ရှင်းလင်းရေး အကွက်က ရှိရဲ့လား?

သက်လတ်ပိုင်း အမျိုးသမီးက နီရဲနေသည့် မျက်လုံးများဖြင့် အန်စာတုံးကြီးကို ကိုင်ရင်း တုန်ယင်နေသည်။ သူမက မြေပြင်ပေါ်တွင်ထိုင်ကာ စင်မြင့်ပေါ်တွင် ရပ်နေသော မာရီယိုကို စိုက်ကြည့်နေမိလေသည်။ သူမက အန်စာတုံး လှိမ့်ဖို့အတွက်ကို နှေးကွေးနေမိသည်။

မာရီယိုက သူမကို စိတ်ပူပန်သည့် ဟန်ဖြင့် မေးလာသည်

"ချစ်ရတဲ့ ကလေးလေးရေ ဘာဖြစ်နေတာလဲ၊ ဘာလို့ မပစ်တာလဲ?"

သက်လတ်ပိုင်း အမျိုးသမီးသည် မာရီယိုအား ထိတ်လန့်စွာ ကြည့်နေသည်။

မာရီယို၏ အသံက ရုတ်တရက် အေးခဲသွားခဲ့ကာ

"မင်းက အန်ကယ်မာရီယိုနဲ့ ဂိမ်းမကစားချင်ဘူးပဲ ? ဟုတ်လား?"

သက်လတ်ပိုင်း အမျိုးသမီးက ထိတ်လန့်တကြား အော်လိုက်ပြီး အန်စာတုံးကို လှိမ့်လိုက်သည်။ ကြီးမားလှသည့် အန်စာတုံးက မြေပြင်ပေါ်မှာ သုံးပတ်လောက် လှည့်ပြီးနောက်မှာ နံပါတ် (3) ကျသွားသည်။ သူမက ကြောက်လန့်တကြား အော်ပြန်သည်။ သူမသည် ထန်မော့ ရပ်နေသည့် အကွက် (20) မြောက်ဆီသို့ တွားသွားလုနီးပါး အခြေအနေဖြင့် လှမ်းသွားသည်။ မာရီယိုကတော့ သူမရဲ့ တွားသွားနေသည့် အသွင်ကို ကြည့်ရင်း ရယ်နေသည်။

ထို့နောက်မှာတော့ ထိပ်ပြောင်လူ၏ အလှည့်ပင်

အန်စာတုံးကို ကောက်ယူလိုက်တဲ့အခါမှာ သူသည်လည်း သက်လတ်ပိုင်း အမျိုးသမီး ကဲ့သို့ပင် ကြောက်နေခဲ့သည်။

ထိပ်ပြောင်လူကြီးက အကွက် (19) ခုမြောက်မှာ ရပ်နေခြင်းဖြစ်ပြီး ပဉ္စအချီ အန်စာတုံးကို လှိမ့်ခြင်းကို စတင်ရတော့ပေမည်။ အခုချိန်မှာ သက်လတ်ပိုင်း အမျိုးသမီးက ထန်မော့ ရှိနေသည့် အကွက်သို့ ရောက်သွားခဲ့ရသည်။ လောလောဆယ် အကွက် (20) မှာရပ်နေသည့်လူက နှစ်ယောက်ဖြစ်နေ၏။ သို့သော်လည်း ထန်မော့က အခုမှ စတုတ္ထအချီသာ ရှိသေးတာကြောင့် ထို 'မင်းရဲ့ ပျော်ရွှင်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို ဘယ်သူက မျှဝေပေးမှာလဲ?' ဆိုတာရဲ့ အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။

The Earth is OnlineWhere stories live. Discover now