Chapter(11)

656 158 8
                                    

Unicode

အခန်း(၁၁) - မင်းအနံ့က ရွံစရာကြီး

ထန်မော့၏ တစ်ကိုယ်လုံးက လျင်မြန်သောအရှိန်ဖြင့် ပြုတ်ကျနေသည်။ သူ့ဘေးပတ်ပတ်လည်းမှာ အမှောင်ထုတစ်ခုတည်းသာ ဝန်းရံနေပြီး တွင်းပေါက်ကြီးတစ်ခုထဲ ပြုတ်ကျနေသလိုမျိုး ဖြစ်နေကာ သူ့တစ်ကိုယ်လုံးက တွင်းပေါက်၏ဘေးနံရံများဖြင့် တစ်ချိန်လုံး ဝင်တိုက်နေသည်။ ထန်မော့၏ ကိုယ်က ပိုမိုသန်မာလာပြီ ဖြစ်တာကြောင့် မညီညာသည့် တွင်းနရံဖြင့် ဝင်တိုက်မိသော်လည်း နာကျင်မှုကို မခံစားရပေ။ ပြုတ်ကျနေတာကို ထိန်းမရတာ တစ်ခုပဲ

၎င်းသည် မိနစ်ပိုင်းလား ဒါမှမဟုတ် နာရီပိုင်းလားပင် မသိနိုင်တော့၊

ဘန်း!

နောက်ဆုံးတော့ ထန်မော့တစ်ယောက် မြေပြင်ပေါ် ရောက်သွားလေပြီ။ အမှောင်ထုက လွန်စွာ သိပ်သည်းနေသည်။ ထိုအမှောင်ထုထဲမှာ ထန်မော့က လက်ဆန့်ထုတ်ကြည့်ရင်တောင် ကိုယ့်လက်ကို မမြင်ရနိုင်ပေ။ ထန်မော့သည် အောက်မှ မြေသားကို စမ်းကြည့်လိုက်သောအခါ စိုထိုင်းထိုင်း မြေဆီလွှာကို စမ်းမိတာကြောင့် သူယခု မြေကြီးတစ်ခုပေါ်မှာ ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

အမှောင်ထုမှာလွန်စွာသိပ်သည်းလှသည်။ ထိုအမှောင်ထုထဲတွင် ထန်မော့မှာမိမိလက်ကိုပင် ပြန်မမြင်နိုင်။ အောက်မှမြေသားကိုစမ်းကြည့်လိုက်လျှင် စိုထိုင်းထိုင်းမြေဆီလွှာက သူ့ကိုကမ်ဘာကြီးပေါ်တွင်သာ ရှိနေသေးကြောင်းအတည်ပြုပေးလိုက်သည်။

ပထမဦးဆုံး ထန်မော့က သူ့ပတ်ဝန်းကျင်မှာ အသံတစ်ခုခုများ ကြားရမလားဟု အာရုံစိုက်ကြည့်လိုက်သည်။ မည်သည့်အသံမှ မရှိကြောင်း သေချာသွားသောအခါမှာ စမ်းတဝါးဝါးဖြင့် ဘေးပတ်ပတ်လည်ကို စတင် စူးစမ်းတော့၏။

သုံးမိနစ်လောက် ရှာနေသော်လည်း မည်သည်ကိုမှ ရှာမတွေ့ပေ။

ရုတ်တရက်, ခေါင်းအထက်ကနေ၍ ရင်းနှီးနေသော နံရံများနဲ့ တစ်ဘိုင်းဘိုင်း ပစ်တိုက်နေသံအား ကြားလိုက်ရလေသည်။ ထန်မော့က လက်ဖြင့်စမ်းနေခြင်းကိုချက်ချင်း ရပ်တန့်လိုက်ကာ သူ၏ခေါင်းပေါ်မှ အသဗလံံမ်ားကို အသေအချာနားစွင့်နေလိုက်သည်။

The Earth is OnlineWhere stories live. Discover now