Chapter(30)

618 146 13
                                    

Unicode

အခန်း(၃၀) - ဒါက တစ်ကိုယ်တော် ကစားသမားဂိမ်း

ထန်မော့သည် အပေါက်ထဲ ဝင်သွားမိရင် ဟမ်းစတား ရုတ်တရက်ပေါ်လာပြီး အန္တရယ်ဖြစ်စေမလားဟုပင် ဂရုမစိုက်နိုင်တော့ပဲ ဓားကိုဆွဲထုတ်လိုက်သည်။ သူက တတိယအပေါက်ထဲသို့ ဝင်သွားကာ ထို အဖြူရောင် အမှုန့်များ ရောနှောနေသည့် မြေကြီးကို တူးဆွလိုက်၏။

ကံကောင်းစွာဖြင့် ထန်မော့က အပေါက်ထဲ ဝင်လိုက်သော်လည်း ဟမ်းစတား၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်လိုက်ပေ။ သူက အပေါက်ဝမှ ထိုအမှုန့်များအား တူးထုတ်လာပြီးနောက်မှာ မြေကြီးပေါ် သေချာပြန်ချပြီး အဖြူရောင်အမှုန့်နှင့် မြေကြီးခဲများကို ခွဲခြားလိုက်သည်။

သူက အဖြူရောင် အမှုန့်များအား နည်းနည်းချင်းဆီ ကောက်ယူလိုက်သည်။

ထန်မော့သည် အခုတစ်ခါလောက် ဘယ်တုန်းကမှ အာရုံမစူးစိုက်ဘူးခဲ့။ သူ့မျက်နှာက စိတ်ပိုင်းဖြတ်ထားပုံပေါ်ကာ အဖြူရောင်အမှုန့်အားလုံးကို ကောက်ယူနေပြီး တစ်ခုတောင် မကျန်ရစ်စေခဲ့ပေ။ အဖြူရောင်အမှုန့်နှင့် မြေဆီလွှာကို လုံးဝ ခွဲခြားနိုင်ဖို့ တစ်နာရီလောက် အချိန်ယူလိုက်ရသည်။

အားလုံးပြီးသည့်နောက်မှာ ချက်ချင်းပင် ငါးခုမြောက် အပေါက်ဆီ ပြေးသွားလိုက်သည်။

တစ်နာရီကြာသွားခဲ့ပြီ ဖြစ်တာကြောင့် ထန်မော့နှင့် တိုက်ခိုက်ခဲ့သော အနက်ရောင် ဟမ်းစတားက ဟိန်းဟောက်နေခြင်း မရှိတော့ပေ။ ၎င်းသည် ဂူအတွင်း အနက်ဆုံးအပိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးဖြစ်သည်။

ထန်မော့က ငါးခုမြောက် အပေါက်ဝမှ အမှုန့်များအား ကြည့်လိုက်၏။

အပေါက်တစ်ခုစီသည် အချင်းသုံးမီတာခန့်ရှိသည်။ မနေ့က ထန်မော့သည် ပန်းကန်ပြားအား ငါးခုမြောက် အပေါက်၏ ဘယ်ဘက် အစွန်းပိုင်းမှာ ထားခဲ့တာပင်။ အခုအချိန်မှာတော့ အပေါက်၏ ဘယ်ဘက်မှ အဖြူရောင် အမှုန့်များက မြေဆီလွှာနှင့် ရောနှောကာ ပေါင်းစည်းတော့ မတတ်ဖြစ်နေသည်။ ယနေ့မှ ထားခဲ့သည့် ပန်းကန်အဖြူသည်တော့ အပေါက်ထဲသို့ အနည်းငယ် ပိုမိုတိုးဝင်ကာ အမှုန်ဖြစ်နေသည်။

The Earth is OnlineWhere stories live. Discover now