Chapter(28-1)

721 141 6
                                    

Unicode

အခန်း(၂၈-) - မကောင်းဆိုးဝါး ချိုင့်ဝှမ်းမှ ဝံပုလွေဘွားဘွား

အနက်ရောင်မျှော်စင်မှ ကြေညာချက် ထွက်လာသည်နှင့် တစ်ပြိုင်နက် တောက်ပသည့် အဖြူရောင် အလင်းတန်းများက ထန်မော့၏ မျက်စိရှေ့မှာ လွှမ်းခြုံသွားတာကြောင့် မျက်လုံးတောင် မဖွင့်နိုင် ဖြစ်သွားရသည်။

ထန်မော့က မျက်လုံးစုံမှိတ်ကာ ဂိမ်းထဲဝင်ဖို့ စောင့်နေလိုက်၏။ သုံးစက္ကန့်တာ ကြာမြင့်သွားပြီးနောက်မှာ နားထဲဝင်လာသည်က ရွှင်မြူးတက်ကြွနေသော ဂိမ်းသံစဉ် မဟုတ်ပေ။ ၎င်းသည် ထူးဆန်းသော ကလေးသံလို သားချော့တေးနှင့် ဆင်တူသော်လည်း ကြည်လင်နေသည့် ကျေးငှက်သံများဖြစ်သည်။

ထန်မော့က အံ့အားတစ်သင့်ဖြင့် မျက်လုံးဖွင့်ကြည့်၏။

၎င်းသည် ကျယ်ပြောလှသော တောအုပ်ဖြစ်နေခဲ့သည်။

ကောင်းကင် တစ်ခုလုံးက အပြာရောင် ဆေးခြယ်ထားသလိုပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြာလဲ့နေသည်။ မိုးကုတ်စက်ဝိုင်းပေါ်တွင်တော့ marshmallow ပုံစံ တိမ်တိုက်အနည်းငယ်က လွင့်ပျံနေ၏။ ၎င်းတို့သည် ပုံဆွဲကိရိယာဖြင့် တစ်ခုပြီးတစ်ခု ဆွဲထားသလိုမျိုးပင်။ ကမ္ဘာမြေကြီးက ကောင်းကင်နှင့် မြေကြီးဟူ၍ ပိုင်းခြားထားသည်။ မာကျောလှသည့် ပင်စည်များက ကောင်းကင်ဘက်သို့ တည့်တည့်ထိုးထောင်နေပြီး အကိုင်းအခက်များကို ဆံခြည်မျှင်မျှပင် မမြင်ရပဲ အရွက်များဖြင့် အုပ်စိုင်းနေသည်။

ထန်မောသည်တော့ ထိတ်လန့်စွာဖြင့် ဤဒဏ္ဍာရီဆန်ဆန် တောအုပ်ထဲတွင် ရပ်နေမိသည်။

မကြာခင်မှာပဲ စိတ်တည်ငြိမ်လာပြီး ပတ်ဝန်းကျင်အား စတင်စူးစမ်းတော့လေသည်။

သစ်ပင်များက အလွန်မြင့်မားလှ၏။ အသေးဆုံး ပင်စည်သည်ပင် အချင်း (၇၈) မီတာလောက် ရှိသည်။ သို့သော်လည်း ပန်းများနှင့် အပင်များကတော့ သာမာန်အရွယ်အစားများသာ။ ထန်မော့က လမ်းလျှောက်သွားရင်းဖြင့် ပန်းပင်တိုင်းအား ဂရုတစိုက်ရှောင်ရှားနေသည်။ အကယ်၍များ နင်းမိတဲ့အချိန် ကြည်လင်တဲ့ အသံ ထွက်ပေါ်လာမှာ စိုးနေမိသည်လေ။ သူက ပျော့ပျောင်းသည့် ဘွတ်ဖိနပ်ကို စီးထားတာကြောင့် စိုစွတ်သည့် မြေဆီလွှာမှာ ခြေကျင်လျှောက်သည့် အခါမှာ အသံမထွက်လုနီးပါးပင်။

The Earth is OnlineWhere stories live. Discover now