Chapter(29)

613 140 6
                                    

Unicode

အခန်း(၂၉) - အနက်ရောင် ဟမ်းစတား

ထန်မော့က ပန်းရောင်အိုးအား စားပွဲပေါ် တင်လိုက်ပြီး အိုးထဲကို ငုံ့ကြည့်လိုက်သည်။ သူက အထဲမှာ ဘာရှိမလဲ ကြည့်ဖို့ ရည်ရွယ်ခြင်းပင်။

ဘန်း!

သူ့နောက်မှ ကျယ်လောင်လှသည့် တံခါးဖွင့်သံကြီး မြည်ဟီးသွားသည်။ ထန်မော့က မီးခြစ်ဆံပုံ တက်တူးပေါ်ကို လက်တင်လိုက်ပြီး မြန်ဆန်စွာ လှည့်ကြည့်လိုက်၏။

ထိုအခါ ဘွားဘွားဝံပုလွေက အိမ်ထဲကို ဝင်လာပြီး ဆိုဖာပေါ်မှ ပန်းရောင် အိတ်ကို ယူလိုက်လေသည်။ သူမက ထန်မော့အား ကြည့်လိုက်ကာ အကြည့်များက ပြင်းထန်ရက်စက်နေသည်။

"အချိန်ကို သတိထားနော်။ ခုနှစ်ရက်ကြာပြီးလို့ ငါပြန်လာတဲ့ အချိန် ရွှေဟမ်းစတားကို မတွေ့ဘူး ဆိုရင်တော့ နင်က ငါ့ညစာပဲ!"

တံခါးက တစ်ဖန်ပြန်ပိတ်သွားခဲ့ပြီး အိမ်တစ်ခုလုံးကတော့ ငလျှင်လှုပ်သလိုပင် တုန်ခါသွားရှာသည်။

ထန်မော့၏ ကိုယ်သည်လည်း တုန်ယင်သွားကာ ပြတင်းပေါက်ဘက်ကို လျှောက်သွားကြည့်လိုက်၏။ ဘွားဘွားဝံပုလွေက တောင်ပေါ်သို့ ဖြည်ညှင်းစွာ တက်၍ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ့မျက်လုံးများကို ကျဉ်းမြောင်းကာ အိုးဘက်သို့ လှည့်ကြည့်လိုက်သည်။

ထန်မော့သည် ဆိုဖာဘေးမှ ပန်းရောင်နှိုးစက်နာရီအား ကြည့်လိုက်သည်။

"ပထမနေ့ 12:30 အချိန်ပဲ"

ထန်မော့ကို ပေးခဲ့တဲ့ မျော်စင်တိုက်ခိုက်ရေးဂိမ်း အဓိကမစ်ရှင်က ခုနှစ်ရက်အတွင်း ပြီးမြောက်ရမှာဖြစ်ပြီး မကောင်းဆိုးဝါးချိုင့်ဝှမ်းရဲ့ အချိန်ကလည်း ကမ္ဘာမြေအတိုင်းပဲ တွက်ချက်မှာ။

"ဒီအတိုင်းဆိုရင် ငါက နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ငါးနာရီမှာ ဂိမ်းထဲကို ဝင်ခဲ့တာဆိုတော့ အချိန်အရ တွက်မယ်ဆိုရင် အခုက ဒီဇင်ဘာ 1 ရက်နေ့ပေါ့....."

ထန်မော့သည် အနက်ရောင်မျှော်စင်၏ စည်းမျဉ်းများအား သူ့စိတ်ထဲမှာ တစ်ဖန် ပြန်ရေရွှတ်လိုက်သည်။

The Earth is OnlineWhere stories live. Discover now