Chapter(16)

638 166 22
                                    

Unicode

အခန်း(၁၆) - မော့မော့? ဘာကြီးလဲဟ....မင်းရင်ထဲမှာတိတ်တိတ်လေး gay နေတာလား?

ပွေးကြီး၏ အီးနံ့က တော်တော်လေး နံလှသည်။ ထိုအနံ့ဆိုးကြီးက မြေအောက်လှိုဏ်ဂူကြီးအတွင်း အချိန်တော်တော်ကြာ စွဲကျန်နေခဲ့တာကြောင့် လူတိုင်း မနေနိုင်စွာပင် ထပ်အန်မိကြလေသည်။ ပွေးကြီးကတော့ အလွန်ကျေနပ်စွာပြုံးလိုက်ပြီးနောက် ထောင့်သို့ပြေးသွားကာ ကျင်းများကိုဆက်တူးနေလိုက်သည်။

၎င်းက ကျန်နေသည့်လူငါးဦးကို ဆက်ပြီး ဂရုမစိုက်တော့သလို သူတို့သည်လည်း ဒီလို မကောင်းဆိုးဝါးကြီးကို ရန်စဖို့ မဖြစ်နိုင်ဘူးလေ။ လင်းချောင်သည် ကျောင်းသူလေး၏အရိုးဖြူဖြူများသာ ကျန်တော့သောသွေးအိုင်ဆီသို့လျှောက်သွားလိုက်သည်။ ထို့နောက် သက်ပြင်းချကာ သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး အရိုးများအပေါ်သို့ ဖုံးအုပ်ပေးလိုက်လေသည်။ လီပင်းသည်လည်း စားဖိုမှုး၏ အလောင်းနားသို့ သွားလိုက်ကာ ထောင့်တစ်နေရာသို့ ရွှေ့ပေးလိုက်ပြီး သူ့ဂျက်ကပ်နှင့် စားဖိုမှူး၏မျက်နှာအား ဖုံးလွှမ်းပေးလိုက်သည်။

မိန်းကလေးရဲ့ ရုတ်တရက် တိုက်ခိုက်မှုက စားဖိုမှုအား သေဆုံးသွားစေသလို သူကိုယ်တိုင်လည်း ပွေးကြီး၏ အစားခံလိုက်ရသည်သာ။

၎င်းက ငါးမိနစ်မျှသာ ကြာမြင့်ခဲ့တာပင်။

အနက်ရောင်မျှော်စင်သည်တော့ ဒုတိယအရန်မစ်ရှင်ခွဲ ပြီးမြောက်ကြောင်း ကြေညာပေးပြီးကတည်းက နောက်ထပ် မစ်ရှင်များ ထပ်မပေးလာခဲ့ပေ။ သူတို့မှာ အဓိကမစ်ရှင် တစ်ခုတည်း ကျန်တော့ကာ ၎င်းမှာ ဆက်လက် အသက်ရှင်သန်နိုင်ရန်ဖြစ်သည်။

သာမာန်လူတစ်ဦးက ရေမသောက်ပဲ (၇) ရက်သာ အသက်ရှင်လိမ့်မည်။ မစားမသောက်ရပဲနဲ့ဆိုရင်တော့ ရက် (၃၀) ဆိုတာ အလွန်ဆုံးပင်။ သို့ပေမယ့် ထန်မော့ကတော့ လက်ရှိ သန်မာတဲ့ ခန္တာကိုယ် အနေအထားအရဆိုရင် ရေမသောက်ပဲ အနည်းဆုံးတစ်လကျော်ခန့်တော့အေးအေးဆေးဆေး ရှင်သန်နိုင်လောက်သည်ဟု မှန်းဆမိသည်။

The Earth is OnlineWhere stories live. Discover now