Chapter(20-1)

699 167 11
                                    

Unicode

အခန်း(၂၀-၁) - မင်းနှလုံးသားက ညစ်ပတ်လွန်းတယ်!!!

ထန်မော့က ဂရုတစိုက်နားထောင်လိုက်သောအခါ သူ့နားထဲမှာ တစ်ရှဲရှဲ အသံများအား ကြားလိုက်ရသည်။

အသံကအတော်လေး ပေါ့ပါးတာကြောင့် သတိပြုဖို့ပင် ခက်ခဲပေသည်။

ဒါပေမဲ့ အဲ့ဒါကိုက ထူးဆန်းတာ။ အဲ့ဒါက သစ်ရွက်တွေကို လေတိုက်တဲ့ အသံလည်း မဟုတ်ဘူး။ ထန်မော့ ငယ်ငယ်က ကြားခဲ့ဘူးတဲ့ အဖြူအမည်း ရုပ်မြင်သံကြား အဟောင်းထဲက အသံနဲ့ ခပ်ဆင်ဆင်တူတယ်

အနက်ရောင်မျှော်စင်ဂိမ်းတွေ စကတည်းက လျှပ်စစ်ပစ္စည်းအားလုံးရဲ့ အချက်ပြမှုတွေ ပြတ်တောက်သွားခဲ့တာလေ။ ။ တီဗွီ၊ ကွန်ပြူတာ၊ မိုဘိုင်းလ်ဖုန်း....အားလုံးက လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ စက်ပစ္စည်းတွေ ဖြစ်လာခဲ့တာ။ ခေတ်ဟောင်း အဖြူအမည်း ရုပ်မြင်သံကြား မပြောနဲ့ အခုချိန်မှာ ဘယ်သူကမှ လျှပ်စစ်ပစ္စည်းကို မသုံးနိုင်ကြတော့ဘူး

ထန်မော့သည် ဒါက အဖြူအမည်း TV မှ ထွက်ပေါ်လာခြင်းက ဖြစ်နိုင်ခြေ 80% လောက် ရှိလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။

"အသံက မင်းခေါင်းထဲက ထွက်လာတာလား?"

သူ့မေးခွန်းအား တိုက်ရိုက်ပြန်ဖြေပေးရမယ့်အစား တစ်ဖက်လူက မေးခွန်းပြန်ထုတ်လာသည်။ ထန်မော့၏ ပြန်ဖြေမှုက စိတ်ပူပန်မှု ဖြစ်မနေပေ။

"ဟုတ်တယ်, ခေါင်းထဲကနေ ထွက်လာတာ"

"ကြည့်ရတာ အရင်တစ်ခေါက်က ပုံစံမဟုတ်ပဲ တစ်ခြားတစ်မျိုးနဲ့ ဆက်သွယ်ကြည့်လိုက်လို့ ထင်တယ်"

တစ်ရှဲရှဲ အသံက ပိုမို သိသာလာကာ ထန်မော့က ဂရုတစိုက် နားထောင်လိုက်သောအခါ သတ္တုတိုက်မိသည့် အသံမျိုးပါ ကြားလာရသည်။ သို့သော်လည်း ထိုလူ၏ အသံက အတော်လေး တည်ငြိမ်နေဆဲပင်။

"ငါ ကြက်ဆင်ဥကို သုံးခေါက် မထိလိုက်ဘူး"

ထန်မော့သည် ထူးဆန်းသည့် သဲလွန်စ တစ်စုံတစ်ရာကို ဖမ်းမိလိုက်သည်။

"မင်း ဆိုလိုတာက...."

"ငါ ဥကို သုံးကြည်ချင်လို့ Mr မော့။ လောလောဆယ် ငါက အရမ်း ထူးဆန်းတဲ့ အနက်ရောင်မျှော်စင်ဂိမ်းထဲကို ရောက်နေတယ်။ အတိအကျ မရှင်းပြနိုင်ပေမယ့် ဒီဂိမ်းက သိပ်ပြီးမရိုးရှင်းသလို ခံစားရလို့။ အဲ့ဒါကြောင့် ဒါကို သုံးပြီး လမ်းတစ်ခု ဖွင့်ဖို့ ကူညီစေချင်တာ"

The Earth is OnlineWhere stories live. Discover now