Chapter(3)

788 182 3
                                    

Unicode

အခန်း(၃) - အမေငါ့ကို သတ်လိမ့်မယ်!

အနက်ရောင်မျှော်စင်နှင့်ပါတ်သတ်သည့် အယူအဆများကို မယုံကြည်ကြသည့် သူများကတော့ အစကနေ အဆုံးထိ ဒီအတိုင်းသာ ဘေးထွက်ကြည့်နေကြခြင်းပင်။ ဒါကြီးက အစိုးရရဲ့ အဆင့်မြင့် သုတေသန လုပ်ငန်းစဉ်များရဲ့ ရလဒ်သာဖြစ်ပြီး သူတို့ကို အန္တာရယ် ဖြစ်စေမှာ မဟုတ်ဘူးဟု ယုံကြည်နေကြခြင်းဖြစ်သည်။ အစိုးရက လူတွေကို ထိခိုက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာပဲလေ။ အကယ်၍ တကယ်ပဲ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင်မှ သူတို့မှာ သူတို့ခေါင်းဆောင်တွေ ရှိနေသည်ပဲ။ ထိပ်တန်းခေါင်းဆောင်တွေသာ ရှိနေသ၍ ကောင်းကင်ပြိုကျရင်တောင် ဘာကိုမှ ကြောက်စရာမလိုဘူးဟု ခံယူထားကြသည်။

အနက်ရောင်မျှော်စင်ကို ယုံကြည်ကြသူများကတော့ သုံးရက်မြောက်နေ့မှာပင် ဆောက်တည်မရစွာ ကြောက်ရွံ့နေကြတော့သည်။

"ဘာဂိမ်းလဲ? ရှုံးထွက်ကဘာလဲ? ဖြေရှင်းချက်လိုအပ်တယ်!"

"ဖြေရှင်းချက်ထုတ်ပေး! ရှင်းပြပေး!"

"ငါတို့ဒီဟာနဲ့ပါတ်သတ်ပြီးဖြေရှင်းချက်လိုတယ်!"

တစ်ဖြည်းဖြည်းနဲ့ လူများ ပိုမိုစုဝေးလာပြီး စုကျိုးမြို့လည်ခေါင်မှာ လူအုပ်ကြီးတစ်ခုအဖြစ် ပိတ်သိပ်လာခဲ့သည်။ အခြေအနေကို အခွင့်ကောင်းယူ၍ အကျိုးအမြတ် တစ်စုံတစ်ရာရမလား ကြိုးစားကြသည့် လူများလည်း ရှိနေသည်။

ရဲများက သူတို့ကို သတိပေးနေပေမယ့်လည်း သူတို့က လူအရေအတွက်ကို အခွင့်ကောင်းယူ၍ ထွက်ခွာဖို့ ငြင်းဆန်နေကြ၏။ သူတို့က မျှော်စင်တစ်ဝိုက်မှ နံရံအဖြူများကိုပင် တွယ်တက်ကာ ဖျက်ဆီးမှုများပင် လုပ်လာကြသည်။

အလားတူ ရုန်းရင်းဆန်ခတ်မှုများက ကမ္ဘာအနှံမှာ ဖြစ်ပေါ်လျက်ရှိ၏။

တရုတ်ပြည်သည်တော့ အမှန်ပင် တော်လှသည်။ အနက်ရောင်မျှော်စင်၏ မတော်တဆမှု မဖြစ်ခင်မှာ တိုင်းပြည်က ငြိမ်ဝပ်ပိပြားနေပြီး လူထုကိုလည်း ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ တစ်ချို့ သော အားနည်းလှသည့် နိုင်ငံလေး တစ်ချို့ကတော့ အထူးသဖြင့် အစိုးရ၏ အုပ်ချုပ်မှု အားနည်းသော နေရာများတွင် ပထမဆုံးနေ့မှာပင် 'အနက်ရောင်မျှော်စင်က အန္တာရယ်တစ်ခု' ဟူ၍ ပုန်ကန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

The Earth is OnlineWhere stories live. Discover now