Chapter(21-1)

758 155 12
                                    

Unicode

အခန်း(၂၁-၁) - ထန်မော့ : တကယ်တော့ ငါက လိမ်မာတဲ့ကောင်လေး

နောက်ခံက ကျယ်လောင်ပြီး ရွှင်မြူးနေတဲ့ အသံ ထွက်ပေါ်လာပြီးနောက်မှာ ပြိုးပြိုးပြက်ပြက် အဖြူရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည် ။ နောက်ဆုံးတော့ သူတို့ရှေ့က မြင်ကွင်းကို အားလုံး မြင်လိုက်ကြရလေသည်။

ကျယ်ပြန့်ကာ ကြီးမားလှသည့် အဖြူရောင် ကမ္ဘာကြီး အလယ်တွင် သေးငယ်သောအဝိုင်းစင်တစ်ခုရှိသည်။ စင်ပေါ်တွင်တော့ သေးငယ်သည့် အရောင်စုံ မီးသီးများကို တပ်ဆင်ထား၏။ အရပ်နှစ်မီတာရှိသည့် မာရီယိုက စင်မြင့်သေးသေးလေးပေါ်တွင် ရပ်နေကာ မီးများကလည်း တစ်ဖြတ်ဖြတ် လင်းလက်နေသည်။ သူက လက်မကို ဂုဏ်ယူစွာ မြှောက်ပြထားကာ ကြည့်ရတာ ရယ်စရာကြီး ဖြစ်နေလေသည်။

စင်မြင့်ထက်တွင် LED မီးဘုတ်တစ်ခုက လေလယ်မှာ တွဲလောင်း ထားထားသည်။ မီးဘုတ်တွင်တော့ '6456' ဆိုသည့် စကားလုံးအား အနီရောင်ဖြင့် ပြသထားသည်။

စင်မြင့်အလယ်မှ အဖြူရောင်အလင်းတန်းများ နည်းပါးသွားသည့် အချိန်တွင် ပတ်ဝန်းကျင်မြင်ကွင်းက တဖြည်းဖြည်း ပေါ်လာသည်။

ထန်းမော့၏ မျက်လုံးများ ကျဉ်းမြောင်းသွားရလေသည်။

အဖြူရောင် ကမ္ဘာကြီးထဲမှာ ကြီးမားလွန်းတဲ့ မိုနိုပိုလီဂိမ်း မြေပုံကြီး ချထားတယ်!

မာရီယို၏ စင်က မြေပုံ၏ အလယ်တည့်တည့်မှာ ရှိနေသည်။ ၎င်းက အကွက်ပေါင်း (၁၅၀) ရှိနေပြီး အကွက်တစ်ခုဆီတိုင်းက တစ်မီတာလောက် အရှည်ရှိသည်။ သူတို့က တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားကြပြီး စင်မြင့်အား ဝိုင်းပတ်ထားကြ၏။ စတုရန်း၏ အကွက်ပုံစံက ခပ်သွယ်သွယ် စတုဂံပုံစံဖြင့် ဒေါင်လိုက်ချိတ်ဆက်ထားကာ မြွေလိမ်မြွေကောက် သဏ္ဍာန်ရှိသည်။ လူရှစ်ယောက် ရပ်နေသည့် အောက်ခြေမှစကာ ဖြန့်ကားသွားခဲ့သည်မှာ အဆုံးတွင် မာရီယို၏ စင်သေးသေးလေးထံ ဦးတည်နေခဲ့လေသည်။

ထန်မော့၏ ခြေထောက်အောက်တွင်တော့ အနီရောင် အကွက်ရှိနေသည်။ ထိုဇယားကွက်၏ အသွင်က တစ်ခြားအကွက်များနဲ့ ကွဲပြားနေတာပင်

The Earth is OnlineWhere stories live. Discover now