Chapter(21-2)

633 164 9
                                    

Unicode

အခန်း(၂၁ -) - ထန်မော့ : တကယ်တော့ ငါက လိမ်မာတဲ့ကောင်လေး

ထို အပြောင်းအလဲကြောင့် ထိပ်ပြောင်နေသော အမျိုးသားက ယိမ်းယိုင်သွားပြီး လူလတ်ပိုင်း အမျိုးသမီး၏ ငါးကွက်မြောက်ကို ခြေလှမ်းမိလုနီးပါး ဖြစ်သွားသည်။

{ တင်းတောင်! ဆုကြေးအကွက်ကို အစပျိုးလိုက်တာကြောင့် မာရီယိုရဲ့   မှော်နီမှိုများထဲမှ တစ်ခုကို ရရှိသွားပါပြီ။ မှော်နီမိုကို စားသုံးခြင်းဖြင့်  ခွန်အားကို တိုးစေပြီး ထိုအရာက ဂိမ်းအတွင်းမှာသာ အလုပ်လုပ်ပါတယ်။ ဂိမ်းအပြင်ကို ထုတ်ယူသွားလို့ မရပါ}

လုံးဝိုင်းပြီး အရောင်စုံသည့် မှိုတစ်ပွင့်က ကောင်းကင်ပေါ်က ကျလာကာ ထိပ်ပြောင်လူ၏ လက်မောင်းကြားထဲ ကျရောက်သွားသည်။

ထိုလူက ကြောက်လန့်မှုကြောင့် တုန်ယင်နေရာမှ ရုတ်တရက်ကြီး ဆုချခံလိုက်ရသည်။ သူက နေရာမှာ ခဏရပ်နေပြီးမှ မှိုပွင့်ကြီးအား ပျော်ပျော်ရွှင်ရွှင် ဝါးစားတော့၏။ ၎င်းက သိသိသာသာကို အစိမ်းကြီး ဖြစ်နေသော်လည်း မှိုအား ကိုက်ချလိုက်သည့် အချိန်မှာပင် မွှေးပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတော်တော်များများက မနေနိုင်စွာပင် တံတွေးများ မျိုချမိကာ ထိုလူကို မကြည့်ပဲ မနေနိုင်တော့ပေ။

၁၀ မိနစ်ကြာပြီးနောက် လူခုနစ်ဦးသည် အန်စာတုံးများကို လှိမ့်လိုက်ကြသည်။

အဘိုးအိုနှင့် အမျိုးသမီးငယ်လေးတို့က ကံကောင်းထောက်မစွာဖြင့် နံပါတ်(6) ကိုသာ ကျသွားကြသည်။ ထိပ်ပြောင်လူကဲ့သို့ပင် သူတို့လည်း မှော်မှိုများ ရရှိကြသည်။

ဘီယာဗိုက်နဲ့လူကတော့ ပထမဆုံး အမျိုးသမီးလိုမျိုး အကွက် (5) သို့ကျသွား၏။

စကားတစ်ခွန်းမှ မပြောခဲ့တဲ့ လူငယ်လေးနဲ့ တစ်ခြား လူလတ်ပိုင်း အမျိုးသားသည်တော့ နံပါတ် (4) ကျသည်။ ပထမတော့ ခြေချဖို့ ကြောက်နေခဲ့ကြသော်လည်း ကံကောင်းစွာနဲ့ ထိုအကွက်များက ဗလာများဖြစ်တာကြောင့် စိတ်သက်သာရာ ရကုန်ကြ၏။

The Earth is OnlineWhere stories live. Discover now