Chapter(5)

663 172 1
                                    

Unicode

အခန်း(၅) - ထန်မော့ : ရှာတွေ့ပြီ မဟုတ်ဘူးလား?

အံ့အားသင့်ဖွယ်ရာ သဲလွန်စကြီးပေးပြီးနောက်မှာ မျက်နှာပြောင်မိန်းကလေးက ခုန်ဆွခုန်ဆွနဲ့ထွက်သွားပြန်သည်။

ထန်မော့က အသက်ပြင်းပြင်း ရှုလိုက်ပြီး ထိုမျက်နှာပြောင်မိန်းကလေးအား သတ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။

အခုက 'နေ့ခင်း' ဖြစ်တာကြောင့် နတ်ဆိုးက ပျောက်ကွယ်သွားပြီဖြစ်ပြီး နတ်သားက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရပေပြီ။ ဤထူးဆန်းသောနေရာတွင် နှစ်ရက်တောင်ကုန်ဆုံးခဲ့ပြီးဖြစ်တာမို့ နှစ်ယောက်သားက အရမ်းလည်း မကြောက်ကြတော့ပေ။ သူတို့က ရာဘာတုတ်များကိုကိုင်၍ မီးလောင်သွားသော စာအုပ်စင်ရှိရာသို့ လျှောက်သွားလိုက်ကြသည်။ ထန်မော့က ပဆစ်တုတ် ထိုင်ချလိုက်ပြီး ပြာအဖြစ် လောင်သွားခဲ့ပြီဖြစ်သော စာအုပ်စင်အား သေချာကြည့်လိုက်သည်။

စာကြည့်တိုက်၏ တတိယထပ်တွင် စာအုပ်စင် (၂၃) ခုရှိသည်။ ဒီတစ်ခေါက် မီးလောင်သွားသည့် တစ်ခုက ကောင်တာကနေရေရင် ကိုးခုမြောက်ပင်။

၎င်းက အမျိုးအစား(၁) စာအုပ်စင်တစ်ခုဖြစ်ပြီး အများစုက ခရီးသွားရာဇဝင်, ပထဝီဝင်နှင့် ဘာသာရေးဆိုင်ရာများဖြစ်သည်။ အခုတော့ အကုန်လုံး ပြာများဖြစ်ကုန်ကြလေပြီ။ သစ်သားစာအုပ်စင်ကြီးက အနက်ရောင် မီးသွေးခဲများအသွင် ပြောင်းနေကာ မြေပြင်ပေါ်မှာတော့ စာအုပ်များက အနက်ရောင်နဲ့ မီးခိုးရောင် ပြာမှုန်များအဖြစ် ရှိနေသည်။ ထန်မော့က အနက်ရောင် ပြာများအား ထိကြည့်လိုက်၏။

"မပူဘူး"

ငကြောင်က သူ့အား ကြည့်လာသည်။

"မပူဘူးလား?"

ထန်မော့က ခေါင်းညိတ်ပြလိုက်ကာ

"အဲ့ဒီကလေးအသံက ပြောတဲ့ စကားအရဆိုရင် စာအုပ်စင်ကတစ်ညလုံး မီးရှို့ခံရတာဆိုတော့ မပူတော့ဘူးဆိုတာဖြစ်နိုင်တယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိအချိန်စီးဆင်းမှု အရဆိုရင်တော့ နာရီဝက်လောက်ပဲ ကြာသေးတာ။ စာအုပ်ရေ ၁၀၀၀၀ လောက်ရှိတဲ့ စာအုပ်စင်ကြီးတစ်ခုလုံး တစ်နာရီအတွင်းမှာအကုန်မီးရှို့ခံလိုက်ရတာကို ထည့်မပြောနဲ့ဦး....ဒါက လူသားသီအိုရီလောက်နဲ့ ရှင်းပြလို့ မရနိုင်ဘူး"

The Earth is OnlineWhere stories live. Discover now