Chapter(14)

609 163 22
                                    

Unicode

အခန်း(၁၄) -  ဒီလောက် ချစ်စရာကောင်းတဲ့ သိုးလေးကို ဘာလို့စားချင်နေရတာလဲ?

ထန်မော့က လော့ဖုန်းချုန်း၏ တံဆိပ်ပြားအား အံအားတစ်သင့်ဖြင့် ယူကြည့်လိုက်သည်။

၎င်းသည် ဓာတ်ပုံမပါသည့် ငွေရောင်တောက်ပနေသည့် သတ္တုပြားတစ်ခုဖြစ်ကာ ထောင့်ဘက်တွင် လျှပ်စစ်ပုံစံ ချစ်ပ်ပြားတစ်ခုပါရှိသည်။ ကတ်၏ ဘယ်ဘက်မှာတော့ ရိုးရှင်းသည့် စကားလုံး သုံးလုံးကို ရေးထွင်းထား၏။

[အမည် - လော့ဖုန်းချုန်း]

[အုပ်စု - ရှန်ဟိုင်းအဖွဲ့A]

[ရာထူး - ခေါင်းဆောင် ]

ထန်မော့က ကဒ်ကို ကြည့်ပြီးနောက်မှာ တစ်ခြားသူများကိုလည်း လှမ်းပေးလိုက်သည်။ လူခြောက်ယောက်လုံး ကြည့်ပြီးမှသာ လော့ဖုန်းချုန်း၏ လက်ထဲ ပြန်ရောက်လာ၏။

"ဘာလို့ ငါတို့ကို ဂိမ်းရေးတဲ့လူလို့ လိမ်ခဲ့တာလဲ?" လီပင်းက မေးလာသည်။

လော့ဖုန်းချုန်းက ကတ်အား ပြန်သိမ်းထားလိုက်ပြီးမှ အေးဆေးသက်သာစွာ ပြန်ဖြေလာလေသည်။

"လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်။ ခင်ဗျားတောင် မင်းရဲ့ စွမ်းရည်ကို ဖုံးကွယ်ထားသေးတာပဲ။ ခင်ဗျားအတွက်တော့ စွမ်းရည်က အရေးကြီးပြီးထူးခြားတယ်။ ကျွန်တော့် အတွက်တော့ ကျွန်တော့် အထောက်အထားက အရေးကြီးတာပဲလေ။ ခုမှတွေ့ဖူးတဲ့သူတိုင်းကို လျှောက်ပြောမနေချင်ဘူး။ ကျွန်တော်ပြော တာကို သဘောပေါက်ရဲ့လား?"

လော့ဖုန်းချုန်းက လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီးမှ စကားဆက်သည်။

"ကျွန်တော့်ရဲ့သရုပ်မှန်နဲ့ ပါတ်သတ်ပြီး ခင်များတို့ စိတ်ပူနေစရာ မလိုဘူး။ ခင်များတို့သိတဲ့အတိုင်းပဲ မျှော်စင်ကိုတိုက်ခိုက်တဲ့ဂိမ်းက ရုတ်တရက် ကြေညာခဲ့တာ။ ပြီးတော့ သုံးမိနစ်အတွင်း ကျွန်တော်တို့တွေဒီနေရာကို ဆွဲခေါ်ခံရတာပဲ။ သုတေသန ပညာရှင်အဖြစ် ဟန်ဆောင်ဖို့ သုံးမိနစ်အတွင်းတော့ တံဆိပ်ပြားအတုတစ်ခု လုပ်ဖို့ အချိန်မရဘူးလေ"

The Earth is OnlineWhere stories live. Discover now