Unicode
အခန်း(၃၂-၁) - ကိုယ့်ကိုကိုယ်ယုံကြည်တဲ့အတွက်
"အချိန်ကို မမေ့နဲ့နော်။ ခုနှစ်ရက်ကြာလို့ ငါပြန်လာတဲ့ အခါမှာ ရွှေဟမ်းစတားကို မတွေ့ရဘူးဆိုရင် နင်က ငါ့ရဲ့ ညစာပဲ!"
ဘွားဘွားဝံပုလွေက သူမရဲ့ အိတ်သေးသေးလေးကို ဆွဲယူကာ တံခါးကို စောင့်ပိတ်သွားသည်။ မော့မော့ က သူမထွက်သွားသည်အား တည်ငြိမ်စွာ ကြည့်နေ၏။ ထွက်သွားပြီ ဆိုတာအား သေချာသွားမှသာ ထမင်းစားခန်းထဲ ဝင်သွားလိုက်ပြီး ပန်းရောင်အိုးအား ယူလိုက်ကာ အတွင်ကို ချောင်းကြည့်လိုက်သည်။
ဘာမှမရှိဘူး
သူက ခဏတာ စူးစမ်းလေ့လာပြီးနောက် အိုးကို ကောက်ယူလိုက်ပြီး ဆိုဖာဆီ ပြန်လျှောက်သွားသည်။ ထို့နောက် အိုးအား ကော်ဖီစားပွဲပေါ် တင်လိုက်သည်။
"အချိန်က ကမ္ဘာမြေအတိုင်း တွက်ချက်မှာဆိုရင် အခုက ဒီဇင်ဘာ (1) ရက်နေ့ပဲ"
မော့မော့က စဉ်းစားလိုက်သည်။
"စုစုပေါင်း ခုနှစ်ရက်ရှိတယ်။ ပထမဆုံးနေ့မှာ ဖြစ်နိုင်ခြေက အရမ်းနိမ့်လွန်းတယ်။ တစ်ခြားခြောက်ရက်မှာတော့ အစားအသောက်နဲ့လူသာ တူညီတဲ့ အပေါက်မှာ ရပ်နေသ၍ ရွှေဟမ်းစတားကို ဖမ်းဖို့ 80% အခွင့်အရေး ရှိတယ်.....ဖြစ်နိုင်ခြေက အရမ်းမြင့်မားတာပဲ"
မော့မော့သည် ပန်းရောင်အိုးအား ကြည့်ပြီးနောက် သူ့ဘာသာ တီးတိုးရေရွတ်မိလေသည်။
".....ပြဿနာက ပထမရက်များလား?"
အခုက (12:30) ရှိနေပြီ။ ခြောက်နာရီ မထိုးခင်မှာ ငါးနာရီနဲ့ နာရီဝက် ကျန်နေသေးတယ်။
မော့မော့သည် အရင်ဦးဆုံး ဘွားဘွားဝံပုလွေ၏ အိမ်အား ပတ်ပတ်လည် ကြည့်လိုက်သော်လည်း သာမာန်မဟုတ်တာမျိုး လုံးဝ ရှာမတွေ့ပေ။ ထို့နောက်သူက ဆိုဖာဆီ ပြန်လျှောက်သွားလိုက်ကာ ဆိုဖာပေါ်မှ မြေအောက်လူသား ဆံပင်များကို ယူလိုက်သည်။ မော့မော့က ၎င်းအား အိုးထဲထည့်ပြီး ဘွားဘွားဝံပုလွေ ပြောခဲ့သည့် အစားအသောက်ကို ပြောင်းလို့ ရနိုင်မလား ကြည့်ရန် စီစဉ်လိုက်တာပင်။
YOU ARE READING
The Earth is Online
Adventureလွန်ခဲ့သော ခြောက်လခန့်က ထောင်သောင်းချီသည့် ထိတွေ့မရသော အနက်ရောင်မျှော်စင်များ ကမ္ဘာအနှံ့မှာ ပေါ်လာခဲ့ပြီး မြို့ကြီးများအထက်မှာ မျောလွင့်နေခဲ့ကြသည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များနှင့် ဘာသာရေးသမားများအားလုံး .....မည်သည့်ဖြေရှင်းချက်မှ မထုတ်နို...