Chapter(31)

570 146 30
                                    

Unicode

အခန်း(၃၁) - တစ်ဖက်သက် ချစ်နေခဲ့တာကြာပြီ

[အခန်းက ထပ်နေခြင်းမဟုတ်ပါ၊ ဆက်ဖတ်ပေးပါ]

"အချိန်ကို မမေ့နဲ့နော်။ ခုနှစ်ရက်ကြာလို့ ငါပြန်လာတဲ့ အခါမှာ ရွှေဟမ်းစတားကို မတွေ့ရဘူးဆိုရင် နင်က ငါ့ရဲ့ ညစာပဲ!"

ဘွားဘွားဝံပုလွေက ဒေါသတကြီးပြောပြီး ဦးထုပ် သေးသေးလေးအား ကောက်ယူကာ တစ်ဖက်လှည့်ထွက်သွားတော့သည်။ သူမက တံခါးကို ပြင်းထန်စွာ စောင့်ပိတ်သွားခဲ့တာကြောင့် တစ်အိမ်လုံး တုန်လှုပ်သွားရ၏။ ထန်မော့သည် စားပွဲပေါ်တွင် တင်ထားသည့် ပန်းရောင်အိုးကို ကောက်ယူလိုက်ပြီး သူမ ထွက်ခွာသွားသည်ကို အေးစက်စွာ ကြည့်နေသည်။ သူက ပြတင်းပေါက်ရှိရာသို့ ပြေးသွားလိုက်ပြီး ဘွားဘွားဝံပုလွေ တောင်ပေါ်မှ ဆင်းသွားသည်အား သေချာအောင် လုပ်ပြီးမှ ဆိုဖာဆီ ပြန်လျှောက်လာကာ ထိုင်လိုက်၏။

သူက ပန်းရောင်အိုးအား ကော်ဖီစားပွဲပေါ် တင်လိုက်ပြီး အချိန်ကို စစ်လိုက်သည်။

"ပထမနေ့ 12:30 အချိန်ပဲ"

၎င်းသည် ၂၄ နာရီ တစ်ရက်နှင့် အချိန် အတူတူပင်။ ထို့ကြောင့် ဝင်ပေါက်ထဲသို့ သူဝင်လာပြီးတဲ့ အချိန်အရဆိုရင် ဒီဇင်ဘာ (၁) ရက်နေ့ ဖြစ်လိမ့်မည်။ ထန်မော့က ပန်းရောင်အိုး၏ နှုတ်သီးဝအား ငုံ့ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရပေ။

ဘွားဘွားဝံပုလွေက ထွက်သွားပြီ ဖြစ်တာကြောင့် ထန်မော့သည်လည်း သူမကို ဂရုစိုက်နေစရာ မလိုတော့။ သူက ဂိမ်းအကြောင်းအား သေချာ ဂရုတစိုက် စဉ်းစားလိုက်သည်။

ထန်မော့သည် အနက်ရောင်မျှော်စင်၏ စည်းမျဉ်းများအား သူ့စိတ်ထဲမှာ တစ်ဖန် ပြန်ရေရွှတ်လိုက်သည်။

အကယ်၍ သူသာ နောက်ခုနှစ်ရက်အတွင်းမှာ စည်းမျဉ်းတိုင်း လိုက်နာပြီး ခြောက်နာရီတိုင်း အပေါက်ဝမှာ အစားအသောက် ထားလိုက်မယ်ဆိုရင် ဒီခုနှစ်ရက်အတွင်း ရွှေဟမ်းစတား ပေါ်လာနိုင်မယ့် ဖြစ်နိုင်ခြေက 0.000192 ဖြစ်ပြီးတော့ အပြန်အလှန်အားဖြင့် ခုနစ်ရက်အတွင်း ဟွမ်းစတားကို ဖမ်းနိုင်မယ့် ဖြစ်နိုင်ခြေကတော့ 0.99988 ပဲ

The Earth is OnlineWhere stories live. Discover now