Chapter(27-2)

669 159 6
                                    

Unicode

အခန်း(၂၇-) - မကောင်းဆိုးဝါး ကမ္ဘာမှ ကြိုဆိုပါတယ်!

ဖူတုန်မြို့၊ ရှန်ဟိုင်း...ကုန်တိုက်၏ မြေအောက်ကားပါကင်တွင်

ကြွက်သားအပြည်ဖြင့် အမျိုးသားတစ်ယောက်က မှုန်မှိုင်းနေသော အမူအယာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေကာ ယနေ့ သူကြုံတွေ့ခဲ့ရသည့် ထူးဆန်းသည့်အရာများအကြောင်း ရိုးသားစွာ ပြောပြနေသည်။

Jack က ပြောလာသည်။

"သန်ကောင်ကြီးကို သတ်ပစ်လိုက်နိုင်တာတောင် ဝင်ပေါက်ကို မရှင်းနိုင်ခဲ့ဘူး"

လော့ဖုန်းချုန်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး မတ်တပ်ထရပ်သည်။

"မင်းသတ်လိုက်တယ် ဆိုတာ သေချာရဲ့လား? မြေသန်ကောင်တွေရဲ့ ခန္တာကိုယ်က နှစ်ပိုင်းသုံးပိုင်းထိ ကွဲထွက်တာတောင် မသေဘူးလေ။ ဘယ်လို သတ်လိုက်တာလဲ?"

Jack က မှားယွင်းခံရသလို ခံစားလိုက်ရလေသည်။

"ကျွန်တော် တကယ် သတ်ခဲ့တာပါ ဒေါက်တာလော့, ခင်ဗျားပြောတဲ့အတိုင်း လိုက်လုပ်တာပဲ။ တုတ်ချောင်းကို နှစ်ချောင်းချိုးလိုက်ပြီး လက်နှစ်ဖက်လုံးနဲ့ မြေသန်ကောင်ကြီးကို ရိုက်ပစ်တယ်။ သိပ် မခက်ပေမယ့်လည်း မိနစ် (20) အတွင်း လုပ်ဖို့တော့ နည်းနည်း ခက်တယ်။ ကျွန်တော် အကြိမ်ကြိမ် စမ်းကြည့်ပြီးမှ အောင်မြင်သွားတာ။ ဒါပေမဲ့ သူသေသွားတာတောင် ကျွန်တော့် မစ်ရှင်က ကျဆုံးနေတုန်းပဲ"

လော့ဖုန်းချုန်းက မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှာ ပတ်လျှောက်နေသည်။ သူက လှည့်ကြည့်လိုက်ကာ

"အခုချိန်ကစပြီး ဝင်ပေါက်ထဲမှာ ဖြစ်ခဲ့သမျှ အတွေ့အကြုံ အားလုံးကို တစ်စ မကျန်ပြောပြ။ အနက်ရောင်မျှော်စင်ရဲ့ စည်းမျဉ်းတွေရော လူနှစ်ယောက်ရဲ့ စကားတွေကိုပါ အရှင်းလင်းဆုံး ပြော"

Jack က ခေါင်းကုတ်လိုက်ပြီး မှတ်မိဖို့ ကြိုးစားလိုက်သည်။

တစ်နာရီကြာပြီးနောက်မှာတော့ လော့ဖုန်းချုန်းက သူ့စားပွဲခုံအား ထိုးလိုက်ကာ သူ့အသွင်က သိပ်မကောင်းနေပေ။

The Earth is OnlineWhere stories live. Discover now