Chapter(4)

726 170 2
                                    

Unicode

အခန်း(၄) - မျက်နှာပြောင်မိန်းကလေးထံမှ အထင်သေးမှု

ထန်မော့က ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သော်လည်း တိတ်ဆိတ်နေသည့် စာကြည့်တိုက်ထဲမှာ ထို နတ်သားဆိုတာရော နတ်ဆိုးဆိုတာရောရဲ့ လက္ခဏာလေးပင် မမြင်ရပေ။

"လူကြီးမင်းချန်, ကျွန်တော့်ကို ကူညီပြီး ကွန်ပျူတာလေး ပိတ်ပေးလို့ ရမလား? စာအုပ်စင်ပေါ်က စာအုပ်တွေကို ဖယ်လို့ ရမလား စမ်းကြည့်ချင်လို့"

ငကြောင်က ခေါင်းညိတ်ပြပြီး mouse ကိုရွှေ့ကာ ကွန်ပျူတာကို ပိတ်ပေးလိုက်သည်။

ထန်မော့က mouse အား ကိုင်ထားသည့် ငကြောင်၏ ညာဘက် လက်ခုံအား မသိမသာစစ်ဆေးကြည့်လိုက်ပြီးနောက် စာအုပ်စင်ဆီသွားပြီး စာအုပ်များကို ဆွဲယူကြည့်ပြီးမှ ပြန်ထည့်လိုက်သည်။

"စာအုပ်စင်ပေါ်က စာအုပ်တွေကိုတော့ ဖယ်လို့ ရသေးတယ်။ ဒါဆို ကျွန်တော် တစ်ခုလောက် အတည်ပြုချင်တယ်....လူကြီးမင်းချန်, အဲ့ဒီအသံကို ကြားလိုက်ရရဲ့လား?"

ငကြောင်က ရှုပ်ထွေးနေသည့် အမူအယာဖြင့် ပြန်မေးသည်။

"မိန်းကလေးကို ကူညီပြီး စာအုပ်ရှာမပေးရင် အဲ့ဒီမိန်းကလေး သေလိမ့်မယ်ဆိုတဲ့ အသံကိုပြောတာလား?"

ထန်မော့က ခေါင်းငြိမ့်ကာ နှစ်ယောက်သား စာအုပ်ငှားကောင်တာ၏ နောက်တွင်ထိုင်ချလိုက်ကြသည်။

"ကြည့်ရတာ ကျွန်တော့်တို့က နတ်သားအသင်းကထင်တယ်"

ထန်မော့က သူ့ညာလက်အား ဆန့်ထုတ်ပြရင်း စကားဆက်သည်။ ငကြောင်က ထန်မော့လက်ကို ကြည့်ပြီးနောက် သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်သောအခါ အသေအချာပင် လက်ခုံပေါ်မှာ နတ်သားတောင်ပံ အမှတ်အသားလေးရှိနေခဲ့သည်လေ။

"အာ ငါ့မှာလည်းရှိတာပဲ!"

ကလေးအသံက 'နတ်သား' ဆိုတဲ့ စကားလုံးကို ကြေညာလိုက်တဲ့အချိန်မှာပဲ ထန်မော့သည် သူ့ညာဘက် လက်ခုံပေါ်မှာ ထိုပုံသဏ္ဍာန်ရှိနေမှန်းစတင် သတိပြုမိခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်ကတော့ သိသာပေသည်။ ထန်မော့က နတ်သားအသင်းဘက်မှ ဖြစ်သည်။

The Earth is OnlineWhere stories live. Discover now