Chapter(17)

697 161 11
                                    

Unicode

အခန်း(၁၇) - မော့မော့~

ထန်မော့၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လာသည်။ သူ့ကို စကားပြောနေတဲ့လူက ဥလည်း မဟုတ်သလို ကြက်ဆင်လည်း မဟုတ်ဘူးဆိုတာကို ချက်ချင်းနီးပါးပင် နားလည်သွားမိ၏။ သူက အနက်ရောင်မျှော်စင်ရဲ့ သတ္တဝါတစ်ကောင်ကောင် ဖြစ်ရင်ဖြစ် မဟုတ်ရင်လည်း.....

"မင်းကလူလား?"

တစ်ဖက်မှ အမျိုးသားအသံက ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"ဟုတ်တယ်, ငါက လူသားတစ်ယောက်, မင်းရော လူသားပဲလား?"

ထန်မော့က ပြန်ဖြေသည်။

"ဟုတ်တယ်"

နှစ်ယောက်သား စကားမပြောတော့ပဲ တိတ်ဆိတ်သွားကြပြန်သည်။

ကားက လမ်းဘေးတစ်နေရာမှာ ပါကင်ထိုးထားခြင်းဖြစ်ပြီး ညနေခင်း ဆည်းဆာရောင်ခြည်က အဖြူရောင် ဥကြီးပေါ်မှ ရွှေရောင်အလင်းများအား တောက်ပရွှန်းစိုနေစေသည်။ အလင်းရောင်နောက်ခံဖြင့် ဥပေါ်မှစာလုံးများနှင့် အမည်မသိအက္ခရာများကိုရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း အခုလောလောဆယ် ထန်မော့ဂရုစိုက်မိသည်မှာ ဥထဲမှထွက်လာသော အမျိုးသားအသံကိုပင်။

ထန်မော့သည် ခဏမျှ စဉ်းစားပြီးနောက်မှာ တဖက်လူအားမေးခွန်းများမမေးခင်တွင် သူ့ဘက်က အရင်စပြီး စိတ်ရင်းမှန်ကို ပြတဲ့အနေနဲ့ သတင်းအချက်အလက်တချို့ကိုဝေမျှရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့အခြေအနေကို အရင်ဆုံး ဖော်ပြလိုက်၏။

"အခုလောလောဆယ်, ငါ့လက်ထဲမှာ အဖြူရောင်ဥတစ်လုံး ကိုင်ထားပြီး မင်းအသံက အဲ့ဒီထဲက ထွက်လာနေတာ။ မင်းက ဥထဲမှာ ပိတ်မိနေတဲ့ လူလား ဒါမှမဟုတ် တစ်ခြားတစ်ခုခုလား?"

တစ်ဖက်မှ ထွက်ပေါ်လာသော အမျိုးသား၏ အသံက တည်ငြိမ်နေသည်။

"ငါက ဥထဲမှာ ပိတ်မိနေတာ မဟုတ်ဘူး။ ငါ့လက်ထဲမှာလည်း ဥတစ်လုံး ရှိနေပြီး မင်းအသံကို အဲ့ဒီထဲက ကြားနေရတာ" သူက ထပ်ပေါင်းပြောလိုက်သည်။

"ဒါက ကြက်ဆင်ဥပဲ"

ထန်မော့က တွေးလိုက်ကာ

The Earth is OnlineWhere stories live. Discover now