Chapter(22-2)

619 172 6
                                    

Unicode

အခန်း(၂၂-) - ချစ်လှစွာသော အန်ကယ်မာရီယိုရေ တကယ်ပဲ ရှင်းလင်းရေး အကွက်က ရှိရဲ့လား?

အနောက်မှာ ကျန်နေသည့် ငါးယောက်လုံးက သူတို့ကို လှမ်းကြည့်နေကြသည်။

{တင်းတောင်! 'မင်းရဲ့ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို ဘယ်သူက ဝေမျှပေးမှာလဲ' အကျိုးသက်ရောက်မှုကို အစပျိုးလိုက်ပါပြီ......}

အသံမဆုံးသေးခင်မှာပင် ထန်မော့က (60) မြောက် အကွက်သို့ ခြေချပြီးနေလေပြီ။ ထိပ်ပြောင်နဲ့လူက ရုတ်တရက် သူ့ဓားချွန်ကို ထုတ်လိုက်ပြီး ထန်မော့အား တိုက်ရိုက် ထိုးစိုက်လိုက်သည်။ ထန်မော့က အစောကတည်းက ပြင်ဆင်ပြီးနေပြီဖြစ်၏။ သူက ဘေးဘက်ကို ရှောင်လိုက်ပြီး သူ့ဘယ်ဘက် ခြေထောက်ကို ကြွ၍ အနောက်ဘက် ဆုတ်လိုက်ပြီး ညာခြေဖြင့် ထိုလူ၏ တံတောင်ဆစ်ကို ကန်ထည့်လိုက်သည်။ ထိုလူက စူးကနဲ အော်ဟစ်ကာ ဓားက သူ့လက်ထဲကနေ ပြုတ်ကျသွားရလေသည်။

ထို့နောက် သူ့ဘယ်ခြေထောက် မြေပြင်ပေါ် ကျတာနဲ့ တစ်ပြိုင်နက် ထန်မော့က ထိုခွန်အားကို အမိအရ ယူကာ သူ့ခန္တာကိုယ်အား လေထဲမှာ တစ်ပတ်လှည့်လိုက်ပြန်သည်။ သူ့ညာခြေဖြင့် ထိပ်ပြောင်လူအား အဝေးရောက်သည်အထိ ကန်ထုတ်လိုက်သည်။

လှုပ်ရှားမှုများက အစဉ်လိုက်အတိုင်း ဖြစ်ကာ မြန်ဆန်လှသည်။ သူ့နောက်မှာ ရှိနေသည့် လူများနဲ့ အဘိုးအိုက ထိတ်လန့်တကြားဖြင့် ထန်မော့အား ဂရုတစိုက် ကြည့်မိကြသည်။

အမှန်တော့ ထန်မော့အနေနဲ့လည်း ထိပ်ပြောင်လူကြီးကို ခုခံရတာ ဒီလောက် လွယ်နေမယ်လို့ မထင်ထားမိဘူး။

ထန်မော့က တိုက်ခိုက်မှု လုပ်တာ ရှားပါးပြီး တိုက်ခိုက်ရေး နည်းစနစ်တွေကိုလည်း မလေ့လာခဲ့ဖူးဘူးလေ။ အဆိပ်ပန်းရှိတဲ့ ခိုးဝင်သူကို ကိုင်တွယ် ဖြေရှင်းတဲ့အချိန်ကတောင် ထန်မော့မှာ မီးခြစ်ဆံကြီး ရှိနေတဲ့အတွက် အားသာချက် တစ်ခု ရှိနေခဲ့ပြီး တစ်ဖက်လူကလည်း လက်တစ်ဖက်ပဲ ရှိတဲ့အတွက် သူအသားစီးရခဲ့တာ။ ထန်မော့က ပြိုင်ဘက်ရဲ့ ရိုက်နှက်မှုကို ခံရရင်တောင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပဲ အားကိုးလို့ရတယ်။ အခုတော့ သူက ကာယခွန်အား သက်သက်နဲ့တောင် ချောမွေ့လှတဲ့ ထိုးနှက်ချက်တွေကို ပြုလုပ်နိုင်နေပြီ

The Earth is OnlineWhere stories live. Discover now