Chapter(6)

708 167 4
                                    

Unicode

အခန်း(၆) - မီးခြစ်ဆံရောင်းတဲ့ ကလေးမလေး ~

"အား, သမီးစာအုပ်!"

မိန်းကလေးက လူသားတစ်ဦး မမီနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ထန်မော့လက်ထဲက 'မာယာလူမျိုးများ ပျောက်ကွယ်သွားရခြင်းနောက်ကွယ်က လျှို့ဝှတ်ချက်' စာအုပ်ကိုဆွဲလုလိုက်ကာ သူမရင်ဘတ်တွင်ပိုက်ထားလိုက်သည်။ သူမ၏ ဘယ်ဘက်လက်ထဲမှာ မီးခြစ်ဆံအကြီးအား ကိုင်ထားပြီး ညာလက်ထဲမှာတော့ စာအုပ်ရှိနေ၏။ ဒါသည် သူမပျောက်သွားသည့် စာအုပ်မှန်း အတည်ပြုပြီးတာနဲ့ စာအုပ်စင်များနားသို့ ပြေးသွားကာ ထိုင်ချလိုက်ပြီး စတင်ဖတ်တော့လေသည်။

"အမေက မနက်ဖြန်မှာ စာအုပ်စစ်မယ်လို့ ပြောထားတယ်။ မြန်မြန်ဖတ်မှဖြစ်မယ်"

ကျယ်ဝန်းပြီးတိတ်ဆိတ်သောစာကြည့်တိုက်ထဲတွင် မျက်နှာပြောင်မိန်းကလေး၏ စာဖတ်သံကအလွန်ကျယ်လောင်နေသည်။

ငကြောင်၏ မျက်နှာက အလွန်အမင်း ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများက ပြာနှမ်းနေကာ စာအုပ်အား လက်ထဲမှာ ကိုင်ထားသည့် မျက်နှာပြောင်မိန်းကလေးကို စိုက်ကြည့်နေလေသည်။ သူ၏ဆံပင်တို့မှာလဲ ရေထဲမှထွက်လာသူလို ဇောချွေးများဖြင့် စေးကပ်နေခဲ့သည်။ သူက ထန်မော့အားကြည့်ပြီး ခါးသက်သက် ပြုံးပြလာ၏။

"လတ်စသတ်တော့ ဒီစာအုပ် ဖြစ်နေတာကိုး။ မင်းဘယ်လို သိသွားတာလဲ?"

ထန်မော့က တုတ်ချောင်းကိုင်ထားသည့် ငကြောင်၏ ညာလက်အား ငုံ့ကြည့်လိုက်သည်။ သူ့လက်၏ လက်ခုံပေါ်တွင် အဖြူရောင် နတ်သားတောင်ပံက တစ်ဖြည်းဖြည်း အနက်ရောင်အဖြစ် ပြောင်းသွားပြီး နတ်ဆိုးအတောင်ပံ ဖြစ်သွားခဲ့သည်။

ထန်မော့၏ အသံကတော့ အလွန်တည်ငြိမ်နေသည်။

"ခင်ဗျားကို စမြင်လိုက်ကတည်းက"

ငကြောင်၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ကောင်မလေးကတော့ ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး စာအုပ်ဖတ်နေကာ ဆူညံသံ တစ်ခုတောင် မကြားရသည့်ပုံပင်။ ကစားပွဲက ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ထန်မော့နဲ့ ငကြောင်တို့က စာကြည့်တိုက်၏ စာဖတ်ရန်လုပ်ပေးထားသည့် နေရာသို့ သွားလိုက်ကြပြီး ထိုင်ခုံများပေါ်မှာ ထိုင်လိုက်ကြသည်။

The Earth is OnlineWhere stories live. Discover now