Chapter(23-2)

674 169 16
                                    

Unicode

အခန်း(၂၃-၂) - ငါခုန်ချင်တဲ့ နေရာက.....

သို့သော်လည်း မာရီယိုက ထိုသို့ ပြောနေစဉ်မှာပဲ ကြီးမားလှတဲ့ ရွှေတောင်ကြီး တစ်ခုက အဖြူရောင်ကမ္ဘာကြီးထဲမှာ ပေါ်လာသည်။

ထိုရွှေတောင်ကုန်းက လူတိုင်း၏ မျက်စိရှေ့မှာ လွင့်မျောနေတာပင်။ အန်ကယ်မာရီယိုက ထိတ်လန့်တကြား ထခုန်ကာ လွင့်မျောနေသော ရွှေတောင်ကုန်းအား လှမ်းဆွဲလိုက်သည်။ သို့သော်လည်း သူ၏ မရိုးမဖြောင့်သော ခုန်ပေါက်မှုက ရွှေအပိုင်းအစတစ်ခုသာ ဆွဲထုတ်နိုင်စေခဲ့၏။ ထို ကြီးမားသော ရွှေတောင်ကုန်းသည် ထန်မော့ဆီသို့သာ တည့်တည့် လွင့်မျောသွားခဲ့ပြီး သူ့နောက်မှာ ကျသွားသည်။

မရေမတွက်နိုင်တဲ့ ရွှေများနဲ့ စိန်ကြီးက ထန်မော့နောက်မှာ တောင်တစ်ခုသဖွယ် ပုံနေလေသည်။ ရွှေပြားအနည်းငယ်က တောင်မို့ပေါ်မှ လှိမ့်ကျလာကာ ထန်မော့၏ ခြေထောက်နားသို့ ရောက်လာသည်။ သူက ၎င်းတို့ကို ကောက်ယူကြည့်လိုက်သည်။

"ဘာလို့ ပထမဆုံး အကွက်ဖြစ်နေတာလဲ?" အဘိုးအိုက မေးသည်။

ထန်မော့က ရွှေပြားဆီကနေ အကြည့်ဖယ်လိုက်ကာ

"ဒါက ဂိမ်းလေ အဲ့ဒီတော့ အနိုင်ရဖို့ နည်းလမ်းကတော့ ရှိကို ရှိရမှာပေါ့"

အဘိုးအိုက မျက်မှောင်ကြုတ်သွားပြီး ရေရွတ်သည်။

"ပထမဆုံးအကွက်...ပထမဆုံးအကွက်...."

သူက ဆက်တိုက်ရေရွတ်နေကာ ထို 'ပထမဆုံးအကွက်' နှင့် ပတ်သတ်သော သဲလွန်စကို ရှာဖို့ ကြိုးစားနေသည်။

ထန်မော့က ရှင်းပြသည်။

"လူ 6,000 ကျော်က ဒီဂိမ်းကို မအောင်နိုင်ခဲ့ဘူး။ ဒါက အချက်နှစ်ခုကို သက်သေပြနေတယ်။ ပထမအချက်, (120) မြောက်အကွက်မှာ အလွတ်ခုန်ကွက် လုံးဝ မရှိတော့ဘူး ဆိုတာပဲ။ ဒုတိယအချက်ကတော့ (120) မြောက်အကွက်ပြီးတာနဲ့ အကျဉ်းသားကွက် (6) ကွက်က ဆက်တိုက်လာလိမ့်မယ်။ အဲ့ဒီလူက ဒီလောက်ထိကို ဆိုးယုတ်တာ....

ထန်မော့က စင်ပေါ်မှာ ငိုယိုနေသည့် မာရီယိုအား တစ်ချက်ကြည့်ပြီး စကားဆက်သည်။

The Earth is OnlineWhere stories live. Discover now