Chapter(7)

650 162 12
                                    

Unicode

အခန်း(၇) - ထန်မော့, ငါ့ကိုကယ်ပါ, ငါ့ကိုကယ်ပေးပါ!

သူမက တကယ့်ကို သူမရဲ့ မကျေနပ်ချက်ကို ထုတ်ဖော်ပြရုံသာ ရည်ရွယ်သကဲ့သို့ ငါးသေမျက်လုံးများအား ဖော်ပြပြီးနောက်မှာ သူမရဲ့ ပုံမှန်အသွင်သို့ ပြန်ရောက်သွားခဲ့သည်။ သူမက ထန်မော့အား မီးခြစ်ဆံကြီးကို ပေးခဲ့ပြီးနောက် စာအုပ်စင်များနောက်သို့ ပြန်လည်ပြေးဝင်သွားတော့၏။ သူမရဲ့ ဆံပင်လေးနှစ်ဖက်က ဘေးတစ်ဖက်တစ်ချက်ဆီသို့ လှုပ်ရမ်းနေရင်းဖြင့် ပုံရိပ်အသေးလေးက စာအုပ်စင်များ၏ အရိပ်နောက်သို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

"တင်းတောင် 'ငါ့စာအုပ် ဘယ်သူခိုးသွားတာလဲ?' ကစားပွဲ ပြီးမြောက်သွားပါပြီ"

"ရလဒ်ကိုတွက်ချက်နေပါတယ်....."

"ကစားသမားထန်မော့က ဂိမ်းကို အနိုင်ရသွားခဲ့ပြီး 'မီးခြစ်ဆံကြီး' နှင့် 'မျက်နှာပြောင်လေးရဲ့ မထီမဲ့မြင်ပြုခြင်း'ကို ရရှိလိုက်ပါတယ်"

"ကစားသမား ချန်ဖန်ကျီးကတော့ တာဝန်ကို ရှုံးနိမ့်သွားခဲ့ပါတယ်"

ကြည်လင်ရှင်းလင်းနေသည့် ကလေးသံက တိတ်ဆိတ်နေသည့် စာကြည့်တိုက်ထဲမှာ ပဲ့တင်ထပ်နေပြီး ထန်မော့နှင့် ငကြောင်၏ နားထဲ တိုးဝင်လာခဲ့သည်။ ယေဘုယျကျကျ ပြောရရင်တော့ ဂိမ်းတိုင်းမှာ ဆုလာဒ်များ ရှိမှာပင်။ အွန်လိုင်း ကတ်ဂိမ်းမှာတောင် ဆုလာဒ်တစ်ချို့ကတော့ ရှိနေဆဲသာ။ ထိုမီးခြစ်ဆံကြီးက သူ့ဆုလာဒ်ဖြစ်လိမ့်မည်ဟု ထန်မော့က အစောကတည်းက ခန့်မှန်းပြီးသားဖြစ်၏။

ဒါပေမဲ့  'မျက်နှာပြောင်လေးရဲ့ မထီမဲ့မြင်ပြုခြင်း' ဆိုတာက ဘာကြီးလဲ? အဲ့ဒါက ကစားပွဲရဲ့ သဲလွန်စ မဟုတ်ဘူးလား? ဒါကြီးက တကယ်ပဲ ကစားပွဲရဲ့ ဆုလာဒ်ပေါ့လေ?

ထန်မော့ရဲ့မျက်နှာကဖြူဖျော့လာပြီး သူ့စိတ်သည်လည်း ရှုပ်ထွေးလာသည်။ သူ့ထက်ပိုဆိုးသည်က ငကြောင်ပင်။ ငကြောင်က ဂိမ်းကိုရှုံးနိမ့်ထားသူဖြစ်သည်လေ။

ဆုလာဒ်များနဲ့အတူ ပြစ်ဒဏ်ကလည်း လိုက်ပါလာလိမ့်မည်သာ။ သာမာန်ကစားပွဲမှာ ရှုံးနိမ့်သွားခြင်းက ငွေကြေးဆုံးရှုံးရုံလောက်သာ ဆိုပေမယ့် အနက်ရောင်မျှော်စင်ရဲ့ ကစားပွဲမှာ ရှုံးနိမ့်ခြင်းကတော့ ဘာဆက်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်။

The Earth is OnlineWhere stories live. Discover now