Chapter(19-2)

650 170 18
                                    

Unicode

အခန်း(၁၉-၂) - မှင်စာ, ငါ့အဘိုးကို ပြန်ပေး

ထန်မော့သည် သူ့နှလုံးသားထဲတွင် မသက်မသာ ခံစားချက်များ ပိုမိုပြင်းထန်လာတာကြောင့် မီးခြစ်ဆံကြီးပေါ်က သူ့လက်များက တင်းကြပ်သွား၏။ သူကပန်းပေါင်း တစ်ဒါဇင်အား ကြည့်လိုက်ကာ

"ဒီပန်းတွေကို ဖျက်ဆီးလိုက်!"

လက်တစ်ဖက်နဲ့ လူကြီးက အော်သည်။

"အိမ်မက် မက်နေလိုက်!"

သူက ဓားကို ဝှေ့ယမ်းပြီး ပန်းများကို ဖျတ်ဆီးဖို့ ပြင်နေသည့် ကျောင်းသားများအား ရပ်တန့်စေသည်။

ထန်မော့က သူ့မီးခြစ်ဆံကြီးအား ယမ်းလိုက်သောအခါ ထိုလူကသူ့ရဲ့ ဓားကျိုးဖြင့် လျင်မြန်စွာ တုံ့ပြန်လာ၏။ ရုတ်တရက် ဓားကျိုးက မီးခြစ်ဆံကြီးဖြင့် ထိပ်တိုက်ဆုံသွားသည်။ ဓားသွားပေါ်တွင် ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲကြောင်းများ ပေါ်လာကာ အပိုင်းပိုင်းအစစ ကျိုးသွားခဲ့တာကြောင့် ဆက်ပြီး သုံးလို့ မရနိုင်တော့ပေ။

"ပန်းတွေကို သွားပြီး ဖျက်ဆီးလိုက်!"

ထန်မော့က နောက်တစ်ဖန် အော်လိုက်ပြန်သည်။

ဆရာလီ၏ ခန္တာကိုယ်အား ကိုင်ထားသည့် အရန်ကစားသမား နှစ်ယောက်ကလွဲလို့ ကျန်လေးယောက်လုံးက ပန်းများဆီ ပြေးဝင်လာသည်။ ဖက်တီးလေးက နှင်းဆီ၏ အမြင်အား ကိုင်လိုက်ကာ အားနဲ့ဆွဲထုတ်လိုက်လေသည်။ ထို့နောက် သူက အော်သည်။

"ဆွဲထုတ်လို့ မရဘူး! ဒါတွေက သံမဏီထက်တောင် မာနေသေးတယ်!"

ကျောင်းသားတွေ အားလုံးထဲမှာ ဖက်တီးလေးက အသန်မာဆုံးဖြစ်ပြီး သူတောင် ဖျက်ဆီးလို့ မရမှတော့ တစ်ခြားသူတွေလည်း ကူကယ်ရာ မဲ့ကုန်ကြသည်။

ထန်မော့သည် သူ့ခန္တာကိုယ်ထဲမှာ ပြည့်နှက်နေသည့် တင်းမာမှုကို နောက်ဆုံးတွင် နားလည်ခဲ့သည်။

ထို လက်မောင်းတစ်ဖက်နဲ့လူ၏ ရုပ်ပိုင်းဆိုင်ရာက ထန်မော့ထက် သန်မာနေခြင်းပင်။ သူ့အသွင်က သေးငယ် ပိန်ပါးပုံ ပေါ်သော်လည်း သန်မာသည့် ကြွက်သားများ ရှိနေသည်။ ထိုကြွက်သားတွေက သူခိုးဝင်သူ ဖြစ်တာကြောင့် တိုးတက်လာခြင်း မဟုတ်တန်ရာ။ ကမ္ဘာကြီး အွန်လိုင်း မတက်ခင်မှာကတည်းက ထိုလူ၏ ကာယကြံ့ခိုင်မှုက သာမန်လူထက် ပိုကောင်းနေတာဖြစ်မည်။ သူ့ရဲ့ တုံ့ပြန်မှု အရှိန်က ထန်မော့နဲ့ ယှဉ်နိုင်ပြီး တိုက်ခိုက်ရေး အစွမ်းနဲ့ ခွန်အားမှာတော့ ထန်မော့ထက် သာလွန်နေခဲ့သည်။ သူ့မှာ လက်နက် မရှိတော့တာတောင် မီးခြစ်ဆံကြီးအား ထပ်ခါတလဲလဲ ရှောင်နိုင်နေသည်လေ။

The Earth is OnlineWhere stories live. Discover now