Chapter(19-1)

705 182 12
                                    

Unicode

အခန်း(၁၉-၁) - မှင်စာ, ငါ့အဘိုးကို ပြန်ပေး

အားကစားရုံအတွင်း ပုန်းအောင်းနေသော ကျောင်းသားများသည် တံခါးအမျိုးမျိုးတွင် တပ်စွဲထားကြခြင်းပင်။

ဒိုင်း!

နောက်ထပ် ကျည်ဆန်တစ်ချက်က ညအမှောင်ကိုဖြတ်ကာ ကွန်ကရစ် ကြမ်းပြင်ကို ဖောက်ထွက်သွားခဲ့သည်။

"ရဲသေနတ်တစ်လက်ရဲ့ အကွာအဝေးက ပုံမှန်အားဖြင့် မီတာ ၅၀ ကနေ ၁၀၀ ကြားပဲ"

ဖက်တီးလေးက ခပ်မြန်မြန် ပြောလာသည်။

သူတို့အားလုံးက သုံးပိုင်းခွဲကာ နေနေခြင်းပင်။

လီဝမ်၊ ဆရာလီတို့က ကာယဗလ အားနည်းသော အရန်ကျောင်းသား နှစ်ဦးနှင့်အတူ ရှိနေသည်။ ၎င်းသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်တော့ လုံလောက်ပေသည်။ ချန်ရှန်းရှန်းက ချောင်ဖေးဖေးနဲ့ အတူတူ ရှိနေ၏။ ချန်ရှန်းရှန်းက စွမ်းရည် ရှိသူဖြစ်ကာ သူမသည် သာမာန် အရန်ကစားသမားများထက် ပိုမိုအားကောင်းကြောင်း ထန်မော့သိသည်။

ဖက်တီးလေးနဲ့ ထန်မော့တို့က တိုက်ခိုက်မှုအတွက် တာဝန်ယူထားသည်။

"ဘာလို့ ခိုးဝင်သူတွေက ဖန်တွေနင်းတာတောင် အသံမထွက်တာလည်း မသိဘူး? ဝင်ပေါက်မှာ ရှိတဲ့ ထောင်ချောက်တွေကလည်း မပါက်ပါဘူး"

ထန်မော့က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

"သူတို့က မတိုင်ခင်ကလည်း နှစ်ခေါက်တောင် တိုက်ခိုက်ဖို့ ကြိုးစားဘူးတယ်လေ။ ဒုတိယတစ်ခေါက်တုန်းက မင်းဆီကနေ ရှာတွေ့ခံလိုက်ရတော့ သတိထားနေကြတာ ဖြစ်လိမ့်မယ်။ သူတို့က အမှားတစ်ခုကိုတော့ နှစ်ခါပြန် မလုပ်ဘူးလေ။ ကျောင်းထဲဝင်ဖို့ တစ်ခြားနည်းလမ်း ရှိလို့ပဲဖြစ်မယ်"

အမျိုးသားနှစ်ဦးသည် နံရံနှင့်ကပ်လျက် အားကစားခန်းမမှ ထွက်လာလိုက်ကြသည်။

ထန်မော့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ပတ်ဝန်းကျင် အခြေအနေအား ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။

The Earth is OnlineWhere stories live. Discover now