Chapter(18-2)

666 180 16
                                    

Unicode

အခန်း(၁၈-၂) - ကြိုတင်ပြင်ဆင်မှုဆိုတာဘာကြီးလဲ! မင်းကို ကျိန်ဆဲဖို့ စက်ဝိုင်းဆွဲပစ်မယ်

ဖက်တီးလေးက ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်, ရှန်းရှန်းက ကျွန်တော့်ကို ခွဲခိုင်းထားတာ။ သူပြောတာတော့ မြေပြင်ပေါ်မှာ ဖန်ကွဲစတွေ ရှိနေရင် တစ်ယောက်ယောက် ချဉ်းကပ်လာတဲ့အခါ ကြားရလိမ့်မယ်တဲ့။ ကျွန်တော်က တရားဝင် ကစားသမား ဖြစ်ပြီးကတည်းက အကြားအာရုံကောင်းလာတယ်လေ။ တစ်ယောက်ယောက်က ဖန်ကွဲစပေါ် နင်းလိုက်တာနဲ့ ကျွန်တော် ကြားရလိမ့်မယ်"

"မင်းစွမ်းရည်ကဘာလဲ?"

"အဲ့ဒါက ရွှေ့လျားနိုင်တဲ့အရာနဲ့ ဆင်တူတယ်လို့ ပြောရမလားပဲ? သိပ်တော့မသေချာဘူး။ ကျွန်တော်က မီတာ (၁၀၀) အတွင်းမှာရှိတဲ့ ဘယ်လိုပစ္စည်းကိုမဆို ရွှေ့နိုင်တယ်။ ကျွန်တော့စွမ်းရည်က အရမ်းကြီးတော့ မသန်မာသေးပါဘူး။ လေးတဲ့အရာတွေဆို မရွှေ့နိုင်ဘူး။ အကယ်၍ ဓားတစ်ချောင်းကို ရွှေ့ဖို့ ကြိုးစားမယ်ဆိုရင်တောင် ကျွန်တော့်အရှိန်က အရမ်းနှေးမှာ"

ထန်မော့သည် မြေပြင်ပေါ်ကနေ ဓားတစ်ချောင်း မြောက်တက်လာသည်ကိုမြင်လိုက်ရပြီး သူ့ရှေ့သို့ လွင့်ကျလာသည်။ သူက ဖမ်းယူလိုက်၏။

ကျောက်ဇီအန်း၏ မျက်နှာလေးက ရဲတွတ်နေသည်။

"အဲ့ဒီလောက်ပဲ။ အရှိန်က အရမ်းနှေးတော့ လူတွေကို တိုက်ခိုက်လို့ မရဘူး။ ဒါပေမဲ့ သံတို့ အပ်တို့ကြတော့ သူတို့က အရမ်းပေါ့ပြီး သေးတယ်လေ....."

ဝှစ်!

လက်မတစ်ချောင်းစာလောက် အရှည်ရှိသည့် အပ်တစ်ချောင်းက ထန်မော့ရှေ့မှာ ပေါ်လာသည်။ သူက အမြန်အဆန်ပင် ရှောင်မိလိုက်သော်လည်း အပ်က သူ့ရှေ့မှာသာ ရပ်နေကာ ရှေ့ဆက် တိုးမလာပေ။ ထန်မော့၏ အမြင်အောက်တွင် အပ်သွားသည့် လမ်းကို မြင်နိုင်နေသော်လည်း ၎င်းသည် သူ့ဘက်က ကြိုတင်ပြင်ဆင်ထားမှုကြောင့်သာ။ အကယ်၍ သူသာ ကြိုတင်မပြင်ဆင်ထားဘူးဆိုရင် ဤအပ်၏ အရှိန်အောက်မှ လွတ်မြောက်နိုင်မည်မဟုတ်

The Earth is OnlineWhere stories live. Discover now