Ep 1 (U)

86.5K 4.7K 1K
                                    

"အား!!!! သင်္ကြန်ရောက်ပြီဟေ့"

ခေါင်းရင်း ပြုတင်းပေါက်ကိုဖွင့်လိုက်တော့ ခြံထောင့်က ပိတောက်ပင်မှာ ပိတောက်ပန်းတွေက ဝင်းဝါနေကြပြီ... လေတစ်ချက်အဝေ့မှာ ပိတောက်ရနံ့တွေက အိပ်ခန်းထဲအထိပျံ့လွင့်လာကြသဖြင့် အာကာ့ မျက်လုံးတွေကို မှိတ်ပြီး ပိတောက်နံ့ကို တစ်ဝကြီးရှုရှိုက်ပစ်လိုက်သည်...

"ဟား....မွှေးလိုက်တာကွာ"

ဒီနေ့က သင်္ကြန်အကြိုနေ့...

ဘေးခြံမှ သင်္ကြန်သီချင်းသံသဲ့သဲ့ကလည်း အာကာတို့ အိမ်ပေါ်ထပ်ထိ ပျံ့လွင့်လာသဖြင့် သင်္ကြန်ပိုးက ထကြွလာရပြီ...

အများပြည်သူရုံးပိတ်ရက်ဖြစ်တာကြောင့် အာကာတို့ရဲ့ "မဟာကြည်ညွှန်း Trading Pte.,Ltd" လဲပိတ်သည်... အာကာတို့အိမ်ကြီးထဲမှာလဲ မနေ့ကတည်းကစ၍ လူစုံနေကြသည်... အိမ်သားတွေအပြင် အမျိုးတွေပါရောက်နေကြသဖြင့် အုန်းအုန်းကြွက်ကြွက်ဖြစ်၍ နေပေသည်...

"ဒီအရိပ်မှာ လာပါနားပါ...မုန့်လုံးရေပေါ်တွေစားကြ!!! ...ငရုပ်သီးပါရင်တော့အားနာ...စိတ်မဆိုးတတ်ဘူးမဟုတ်လား!!!!"

အာကာ ကသီချင်းအော်ဆိုရင်း အိမ်ပေါ်ထပ်မှဆင်းလာတော့ နံပါတ် ၂ အစ်မ မမနန္ဒာကြည်ညွှန်းကလည်း သူ့အခန်းထဲမှ ထွက်လာကာ အာကာ့ ကိုလှမ်း၍ဟန့်သည်...

"အာ...so sweet ရေ အဖွား ဘုရားရှိခိုးနေတယ်ဟ...အော်မနေနဲ့"

"မမနာနာ အမေနဲ့ စျေးလိုက်မသွားဘူးလား"

"ဟေမာ လိုက်သွားတယ်...ဟဲ့!!...ဖယ်စမ်းပါ so sweet ရယ်... မင်း ကိုယ်လုံးကြီးကို ငါမနိုင်ဘူး!!"

လှေခါးပေါ်မှဆင်းကြရင်း အာကာက မမနန္ဒာကို ဖက်ကာ မှီတွဲလိုက်သဖြင့် အာကာ့အား အော်တော့သည်...

"ဟင်...သူများ သီချင်းဆိုတုန်းကကျတော့ အဖွားဘုရားရှိခိုးနေတယ်ဆိုပြီး သူ့ကျတော့ အော်လိုက်တာ ပြဲလန်နေတာပဲဗျာ"

မောင်နှမ နှစ်ယောက် အိမ်အောက် ထမင်းစားခန်းထဲသို့ မတိုင်ပင်ပဲ ပြိုင်တူဝင်လိုက်ကြသည်... တိုင်ပင်စရာမလိုဆို ဒီအချိန်က မနက်စာစားချိန်မဟုတ်လား... မီးဖိုဆောင်ထဲတွင် မကြီးသန္တာနှင့် အမဝမ်းကွဲတသိုက် အလုပ်ရှုပ်နေကြသည်...

Match Made In Clouds Where stories live. Discover now