"Yangon International Airport "
မိသားစုတွေ အကုန်လုံးက ဟန်လုပ်ပြီးပြုံးနေကြမှန်း အရမ်းသိသာလွန်းနေသည်... လေးမောင်က ဟာသတွေလျှောက်စနေပေမဲ့ ရယ်နေကြသော အားလုံးရဲ့ မျက်နှာတွေမှာ အသက်မပါကြပေ...
"မီးလတ်...ဝင်တော့လေ... သမီး နောက်ကျနေဦးမယ်"
အဖေကြီးရဲ့ သတိပေးသံကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်...
"အထဲရောက်ရင် ဖုန်းခေါ်ဦးနော် မီးလတ်"
"ဟုတ် အဖေကြီး"
အဖေကြီးက မမနန္ဒာကို လက်တစ်ဖက်နှင့်ဖက်ပြီး ခေါင်းကို ငုံ့နမ်းလိုက်သည်...
"ငါ့သမီး အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ အဖေကြီးကယုံတယ်... အဖေကြီးမှာထားတာ မှတ်မိသေးလား"
"ဟုတ်... နာနာ ဟိုမှာ သူများတွေနည်းတူ လွတ်လပ်လို့ရတယ်...ပွင့်လင်းလို့ရတယ်...ဒါပေမဲ့ လွတ်ထွက်သွားလို့မရဘူး... လူဆိုတာ ကိုယ်မွေးဖွားရှင်သန်ရာ ဇာတိမြေရဲ့ ဓလေ့ထုံးတမ်းတွေကို ဘယ်နေရာရောက်ရောက် အလေးထားရမယ်... နာနာ မှတ်ထားပါတယ် အဖေကြီးရဲ့"
"အဖေကြီး သမီးက တော်ပြီးသားပါကွ"
"အမေ့... နာနာက အမေ့ကို နေ့တိုင်းဖုန်းခေါ်မှာနော်"
"ခေါ်ရမှာပေါ့ ငါ့သမီးကလည်း...ကျန်းမာရေး ဂရုစိုက်နော် သမီး...ကျန်းမာရေးက အဓိကပဲ"
မမနန္ဒာက အမေ့ကိုဖက်ပြီး အမေ့ပါးကို နမ်းလိုက်သည်... ထို့နောက် အမေ့ဘေးတွင်ရပ်နေသော လေးမောင်ကိုဖက်လိုက်သည်...
"လေးမောင်... ကျန်းမာရေးဂရုစိုက်နော် တူတွေ တူမတွေကို ဆူတာနည်းနည်းလျှော့...ပိုပြီးအိုစာနေမယ်"
"အောင်မာ...ငါက ညည်းတို့နဲ့ နေမှ ပိုအိုစာတာ သွေးတွေတက်ရလွန်းလို့"
လေးမောင်က မမနန္ဒာ့ကျောကိုပုတ်ပေးရင်း သူ့ထုံးစံအတိုင်း ဘုကန့်လန့် နှုတ်ဆက်သည်... မမနန္ဒာက လေးမောင်ပြီးတော့ မကြီးကိုဖက်လိုက်ပြီး...
"အား... ငါ့ရဲ့ တစ်ဦးတည်းသော အစ်မ... နံရိုးပေါင်းခေါက်ဆွဲ မဝယ်လာမိလို့ ငိုတဲ့နေ့တွေကို လွမ်းရတော့မယ်ကွာ... နာနာက ဖုန်းဆက်ပြီး မကြီးနဲ့ ရန်ဖြစ်ဦးမှာနော်"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း