Ep 4 (Z)

13.5K 439 23
                                    

ငြိမ်းက ကားကို ခြံရှေ့မှာ ရပ်ပေးလိုက်တော့ ဘေးမှ ကောင်လေးက နှာခေါင်းလေးရှုံ့သွားသည်...

"ဟင်...ရောက်သွားပြီလား...မြန်လိုက်တာဗျာ"

ငြိမ်းရယ်ချင်သွားရသည်... ဒီနားနဲ့ ဒီနား လမ်းလျှောက်သွားရင်တောင် ဘယ်လောက်မှမရှိသော အကွာအဝေးကို ကားလိုက်စီးလာပြီးမှ မြန်လိုက်တာတဲ့လေ... ကားရပ်ပြီးတာတောင် အင်တင်တင်နဲ့ မဆင်းသေးပဲ ပေကပ်ကပ်လေး လုပ်နေသဖြင့် ငြိမ်းက မျက်ခုံးပင့်ပြီး ဆင်းရန် မေးဆတ်ပြလိုက်သည်...

"လိုက်ပို့ပေးတာ ကျေးဇူးပဲနော် အစ်ကို...နောက်လဲကြုံရင် ခေါ်ပါဦးဗျ"

ထိုသို့နှုတ်ဆက်၍ ကားတံခါးဖွင့်ကာ ဆင်းရန်ပြင်ပြီးမှ ပြန်လှည့်လာကာ...

"အစ်ကိုလည်း ဒီလမ်းတွေထဲမှာ တစ်ယောက်တည်း ခြေလျှင်တွေ လျှောက်မသွားနဲ့နော်...တော်ကြာ မတော်တရော်ပြတဲ့လူတွေနဲ့ တွေ့နေမှာစိုးလို့ဗျ"

ငြိမ်းက ဘာမှပြန်မဖြေဘဲ ခေါင်းပဲညိတ်ပြလိုက်တော့ ကားတံခါးကိုတွန်း၍ ခြေထောက်တစ်ဖက်ကို အပြင်သို့ချလိုက်သည်... ထိုနောက် ပြန်လှည့်လာပြန်ကာ...

"ဟို...ခုနက ပြောပြီးသားဆိုပေမဲ့ အစ်ကိုမေ့သွားမှာစိုးလို့... ကျွန်တော့နာမည်က အာကာကြည်ညွှန်း... ဒီအိမ်မှာ အငယ်ဆုံးနဲ့ အချောဆုံး ... အင်း...အဟမ်း"

ငြိမ်းက ရယ်ချင်နေတာကို ထိန်းဖို့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတော့ ထိုကောင်လေးက ငြိမ်းမျက်နှာကို ငေးခနဲ ကြည့်သည်... ငြိမ်းက ပုခုံးတစ်ချက်တွန့်ပြီး သူ့ကိုဆင်းရန် ထပ်ပြီး မေးဆတ်ပြလိုက်တော့ တစ်ဖက်လှည့်သွားပြီး ကားတံခါးကို တွန်းဖွင့်ပြန်သည်... ထိုနောက် တွန်းလျှက်သားနှင့် ပြန်လှည့်လာပြန်ပြီး...

"ဒါနဲ့လေ အစ်ကို့နားက အနံ့လေးက မွှေးနေတာပဲ...အစ်ကို ဘာရေမွှေးသုံး...."

"ဝူး...ဝရူး..."

"အာ...wait... ဆင်းပြီ ဆင်းပြီ အခု"

ငြိမ်းက ဘာမှပြန်မဖြေတော့ဘဲ ကားစက်ကိုနှိုးပြီး မောင်းထွက်လိုက်ဖို့ လုပ်တော့မှ ကမန်းကတမ်း ကားပေါ်မှဆင်းက တံခါးကိုပြန်ပိတ်ပေးလာသည်...

Match Made In Clouds Where stories live. Discover now